ကိုဗစ်ရောဂါကြောင့် ဝေဒနာကို အလူးအလဲခံစားနေရပြီး အောက်ဆီဂျင်ရှုနေရတဲ့ ပိုင်တံခွန်ရဲ့မိခင်အတွက် ဆုတောင်းရင်း ငိုကြွေးနေတဲ့ မီးနို

//s9.kh1.co/33/331d128e91e4dc9c5ca92a1236918062a2447558.jpeg
အနုပညာရှင်များ

 ၃၀-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်ကတော့ နွေဦးတော်လှန်ရေးမှာ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရပ်တည်ကာ လူထုလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တာကြောင့် ပုဒ်မ (၅၀၅)က ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရတာ ဖြစ်ပါတယ်..။

ပိုင်တံခွန်ဖမ်းဆီးခံထားရတဲ့အတွက် မိသားစုတွေအပြင် အားလုံးကစိုးရိမ်ပူပန်နေကြရပြီး မိခင်ဖြစ်သူကလည်း သားစိတ်နဲ့ ကျန်းမာရေးမကောင်းဖြစ်နေသလို လက်ရှိမှာလည်း ကိုဗစ်ရောဂါကူးစက်ခံထားတာပါ..။

Photo Credit - Paing Takhon's Fb Acc
Photo Credit - Paing Takhon's Fb Acc
Photo Credit - Paing Takhon's Fb Acc
Photo Credit - Paing Takhon's Fb Acc

ဇူလိုင်လ(၂၉)ရက်နေ့မှာတော့ ပိုင်တံခွန်ရဲ့ မိခင်ကြီးအတွက် အရေးတကြီး ဆေးလိုအပ်နေကြောင်းကို အစ်မဖြစ်သူက ပြောပြလာခဲ့ပြီး သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ အကူအညီတောင်းခံထားတာ တွေ့ရပါတယ်..။

အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ ရောဂါဝေဒနာကို အလူးအလဲခံစားနေရတဲ့ ပိုင်တံခွန်ရဲ့မိခင်ကြီးကိုကြည့်ပြီး အဆိုတော်မီးနိုကလည်း ဝမ်းနည်းစိတ်မကောင်းဖြစ်လို့ နေပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc

မီးနိုကတော့ ရောဂါရဲ့ဖိစီးမှုတွေကို ခံစားနေရရှာတဲ့ ပိုင်တံခွန်မိခင်ကြီးရဲ့အဖြစ်ကိုကြည့်ပြီး ဝမ်းနည်းစွာငိုကြွေးခဲ့ရပြီး အမြန်ဆုံးနေကောင်းလာစေဖို့ကိုလည်း ဝိုင်းဝန်းဆုတောင်းပေးကြဖို့ ပြောပြထားပါသေးတယ်..။

မိခင်ဖြစ်သူ နေမကောင်းဖြစ်နေတဲ့အချိန်မှာ ဘေးမှာ မရှိနိုင်ရှာတဲ့ သားလိမ္မာလေး ပိုင်တံခွန်အတွက် စိတ်မကောင်းရသလို မိခင်ဖြစ်သူ နေကောင်းကျန်းမာစေဖို့ကိုလည်း ပရိသတ်တွေက ဆုတောင်းပေးနေကြတာ ဖြစ်ပါတယ်..။

Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc

သတင်း အရင်းအမြစ်Mee No's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T