အမှန်တကယ် လိုအပ်နေသူတွေအတွက် ကြက်ဥကို မထင်မှတ်လောက်တဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးခဲ့တဲ့ စေတနာရှင် ပြည်သူများ

//s9.kh1.co/c6/c65378780da855f3d17e794157b5544413e9ee6f.jpeg
နေ့စဉ်သတင်းများ

 ၃၀-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

......

 ပြည်သူတွေကတော့  ဒီနှစ်အတွင်းမှာ အတော်လေး ဒုက္ခမျိုးစုံကို ရင်ဆိုင်ကြုံတွေ့နေရပါတယ် ။ ပထမလှိုင်းနဲ့ ဒုတိယလှိုင်း ကိုဗစ်ဖြစ်ပွားပြီးချိန်မှာပဲ ရုတ်တရက် ပြောင်းလဲခဲ့တဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် စီးပွားရေးကစလို့ အစစ အရာရာ အဆင်မပြေခဲ့ပါဘူး ။ အခုဆို ကိုဗစ် တတိယလှိုင်းကလည်း တစ်ကျော့ပြန်လည် ရောက်ရှိလာတာကြောင့် ကျပ်တည်းမှုတွေရော ၊ ရောဂါ ကူစက်ခံရတာတွေရော အစုံကို အားတင်းကာ ဖြတ်သန်းနေရပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

ဒီလို အားလုံးကျပ်တည်းနေချိန်မှာ တစ်ချို့ကလည်း ကုန်ဈေးနှုန်းတွေကို အမြတ်ကြီးစားကာ အဆမတန် ရောင်းချနေတာကို စိတ်မကောင်းစွာတွေ့ရပါတယ် ။ ဒါ့ကြောင့်လည်း ခုဆိုရင် ဒီလိုဈေးတင်ရောင်းနေတဲ့ ကုန်ပစ္စည်းတွေကို စေတနာရှင် ပြည်သူတွေ လှူဒါန်းပေးတာတွေ ဈေးနှုန်းအနည်းငယ်နဲ့ လူတန်းစားမရွေး ဝယ်ယူနိုင်အောင် နေရာတော်တော်များများမှာ ရောင်းချပေးလာကြတာကို တွေ့ရပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

အခုလည်း တောင်ဥက္ကလာပ စွန္နီဂျာမေ့ဗလီလူမူကူညီရေးအသင်းက ယနေ့ ဇူလိုင်လ (၃၀) ရက်နေ့ မှာ  ကြက်ဥ (၅) လုံးကို ငွေ (၁၀၀) ကျပ်နဲ့ ရောင်းချပေးခဲ့တယ်လို့ သိရပါတယ် ။ ဒီလိုရောင်းချပေးတာကြောင့် ခက်ခဲနေသူတွေ ခဏာတာလောက် ဖြစ်ဖြစ် အဆင်ပြေသွားကြရင်ကို ကြည်နူး ပီတိဖြစ်စရာပဲ မဟုတ်လား ။ ပရိသတ်ကြီးအတွက် ဒီသတင်းလေးကို ပြန်လည်ဖော်ပြပေးရင်း ပြည်သူအားလုံး အခက်အခဲတိုင်းကို အဆင်ပြေစွာ ကျော်ဖြတ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T