ဒီကနေ့ မနက်ပိုင်းမှာ အနုပညာလောကရဲ့ ကြယ်တစ်ပွင့် ထပ်မံကြွေလွင့်သွားခဲ့ပြန်ပြီဖြစ်တဲ့ ဝါရင့်သရုပ်ဆောင် ဦးချစ်ပြုံး

//s9.kh1.co/61/6103b8dd721c722924080fe17951034443e868c8.jpg
အနုပညာရှင်များ

 ၃၀-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်တတိယလှိုင်းကို ပြည်သူအတော်များများ ကူးစက်ခံနေရပြီး ဒီရက်ပိုင်းအတွင်းမှာပဲ အနုပညာရှင်တချို့နဲ့ သူတို့ရဲ့မိသားစု၀င်တွေလည်း ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားကြတာကို စိတ်မကောင်းစွာ တွေ့မြင်ရပါတယ်။ ယခုမှာလည်း မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဝါရင့်သရုပ်ဆောင် ဦးချစ်ပြုံးကိုတော့ အားလုံးသိကြမယ်လို့ထင်ပါတယ်။ သရုပ်ဆောင် ဦးချစ်ပြုံးဟာ ဒီကနေ့ ဇူလိုင်လ (၃၀) ရက် နံနက် (၁၀)နာရီခွဲလောက်မှာ ကွယ်လွန်သွားခဲ့ကြောင်း စိတ်မကောင်းစွာ ကြားသိရပါတယ်။

Photo Credit - ဂွမ်းပုံကြီး fb account
Photo Credit - ဂွမ်းပုံကြီး fb account
Photo Credit - ဂွမ်းပုံကြီး fb account
Photo Credit - ဂွမ်းပုံကြီး fb account

ဦးချစ်ပြုံးဟာ တစ်ခေတ်တခါကတည်းက အနုပညာလောကမှာ အောင်မြင်မှုတွေရရှိပြီး ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာယူထားတဲ့ ဇာတ်ပို့ သရုပ်ဆောင်ကောင်း တစ်ဦးပဲဖြစ်ပါတယ်။ ဒါ့အပြင် ဦးချစ်ပြုံးဟာ သရုပ်ဆောင် ဂွမ်းပုံကြီးရဲ့ ခင်ပွန်းသည်တစ်ယောက်လည်း ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ဦးချစ်ပြုံးဟာ ဘာရောဂါနဲ့ ကွယ်လွန်သွားတယ်ဆိုတာ အတိအကျမသိရသေးပေမယ့် ကွယ်လွန်သွားသည်ကိုတော့ အနုပညာမောင်နုမတွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။

Photo Credit - Original Upload 
Photo Credit - Original Upload 
Photo Credit - ဂွမ်းပုံကြီး fb account
Photo Credit - ဂွမ်းပုံကြီး fb account

ဒီလိုတန်ဖိုးရှိတဲ့ ဝါရင့်သရုပ်ဆောင် ဦးချစ်ပြုံးတစ်ယောက် ကွယ်လွန်သွားခဲ့တာကြောင့် အနုပညာလောကမှာ ဆုံးရှုံးမှုကြီးတစ်ခုလို့တောင် ပြောလို့ရပါတယ်။ ဦးချစ်ပြုံး ကွယ်လွန်သွားခဲ့တာကို ကြားသိရတဲ့ လုပ်ဖော်ကိုင်ဖက် အနုပညာမောင်နုမတွေကလည်း များစွာစိတ်မကောင်းဖြစ်ကြတာ တွေ့ရပါတယ်။ ကျွန်တော်တို့ Myanmarload ကလည်း ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေနဲ့ထပ်တူ ဝမ်းနည်းရပြီး သရုပ်ဆောင် ဦးချစ်ပြုံးတစ်ယောက် ကောင်းရာမွန်ရာ ရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit - Wai Lu Kyaw foundation 
Photo Credit - Wai Lu Kyaw foundation 

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T