မနေ့ကငလျင်လှုပ်တာနဲ့ပတ်သက်ပြီး ရက်ပေါင်း(၆၀)အတွင်းမှာဖြစ်ပေါ်လာမယ့် နမိတ်ကို ဟောကိန်းထုတ်လာတဲ့ဆရာမတစ်ဦး

//s9.kh1.co/36/364e9bdd4d80e3e5443c77df25c3bae914206fc7.jpeg
နေ့စဉ်သတင်းများ

 ၃၀-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

မနေ့ကငလျင်လှုပ်တာနဲ့ပတ်သက်ပြီး ရက်ပေါင်း(၆၀)အတွင်းမှာဖြစ်ပေါ်လာမယ့် နမိတ်ကို ဟောကိန်းထုတ်လာတဲ့ဆရာမတစ်ဦး

ဇူလိုင်လ (၂၉)ရက်နေ့ကဆိုရင်တော့ မန္တလေး၊ပြင်ဦးလွင်၊ရွေဘို၊မကွေး၊တန့်ဆည်၊စစ်ကိုင်း၊မိုးကုတ်၊လားရှိုး စတဲ့မြန်မာပြည်အထက်ပိုင်းဒေသတွေမှာ မြန်မာစံတော်ချိန် နေ့လယ် (၃)နာရီ (၁၀)မိနစ်ခန့်တွင် ငလျင် လှုပ်သွားခဲ့တာဖြစ်ပါတယ်။ငလျင်ကျမ်းမှာတော့ ဝါဆိုလတွင် ငလျင်လှုပ်တဲ့အခါ မင်းပြောင်းမင်းလွှဲကြုံရမယ်ဆိုပြီး ပြည်သူတွေက လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားနေကြတာကို တွေ့မြင်ရပါတယ်။ငလျင်လှုပ်တာနဲ့ပတ်သက်ပြီးဆရာမတစ်ဦးကလည်း နမိတ်ဖတ်လိုက်သေးတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဆရာမကတော့ နက္ခတ်၊အင်္ဂဝိဇ္ဇာ၊ဂြိုလ်ပိုင်စိုးမှုတွေနဲ့ ထောင့်စုံကနေ တွက်ကြည့်လိုက်တဲ့အခါမှာ ပြည်သူ့အောင်ပွဲနမိတ်ကို တွေ့ရတယ်လို့ ရေးသားထားပါတယ်။စနေဂြိုလ်ပိုင်စိုးတဲ့ ရက်မှာ ငလျင်လှုပ်တာဖြစ်လို့ စနေကို လေ့လာကြည့်တဲ့အခါ အခြေခံလူတန်းစားများနဲ့ တိုင်းသူပြည်သားတွေကို ကိုယ်စားပြုပါတယ်။ဒါ့ကြောင့် နောက်ထပ် ရက်ပေါင်း(၆၀)အတွင်း တိုင်းသူပြည်သားတွေ မျှော်လင့်နေတဲ့ တိုင်းပြည်ရဲ့အခြေအနေက အကောင်းဘက်ကိုပြောင်းလဲသွားမှာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit:May Thingyan Hein -Myitmakha
Photo Credit:May Thingyan Hein -Myitmakha

ဆရာမက သူမကို နက္ခတ်ဗေဒင်ပညာသင်ပေးတဲ့ ဘဘရဲ့ ဟောကိန်းကိုလည်း ရေးသားလာခဲ့ပါတယ်။အဲ့ဒါကတော့ “ပြည်သူတွေက လက်ရှိမှာ အပူအပင်တွေရှိနေပေမယ့် ဒီငလျင်က ၄/၄ဖြစ်လို့ အဆိုးကုန်တော့မယ့်နမိတ်ကိုပြသပါတယ်။နောက်(၂)လကျော်ရင် ပြည်သူတွေရဲ့အောင်ပွဲပဲ”လို့ ဘဘက တိတိကျကျဟောထားပါတယ်။ဒါ့ကြောင့် အပူအပင်ကင်းတဲ့နေရက်လေးကို မကြာခင်ရောက်ရှိလာတော့မှာဖြစ်လို့ ပြည်သူတွေအားတက်သွားရအောင် ဒီနမိတ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:May Thingyan Hein -Myitmakha
Photo Credit:May Thingyan Hein -Myitmakha
Photo Credit:May Thingyan Hein -Myitmakha
Photo Credit:May Thingyan Hein -Myitmakha

Source&Photo Credit:May Thingyan Hein -Myitmakha

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T