ရေကြီးရေလျှံမှုတွေကြောင့် နေအိမ်အပေါ်ထိ ရောက်ရှိလာတဲ့ မြွေတွေကြောင့် အခက်တွေ့နေရတဲ့ ပြည်သူများ

//s9.kh1.co/62/6210c7cdd8c57903de289b27a5fb2f8a788f368c.jpeg
နေ့စဉ်သတင်းများ

 ၃၀-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

မြန်မာနိုင်ငံအတွင်း တချို့ပြည်နယ်တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေပြီး ပြည်သူတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်..။

နိုင်ငံရေးမတည်ငြိမ်မှုတွေအပြင် ကျန်းမာရေးနဲ့ စီးပွားရေးတွေ ကြပ်တည်းနေကြတဲ့ အချိန်မှာ ရေကြီးမှုတွေကြောင့်လည်း အသက်အိုးအိမ်တွေ ဆုံးရှုံးနေကြရတာ တွေ့ရပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader

ကရင်ပြည်နယ် မြဝတီမြို့မှာလည်း ရေကြီးရေလျှံမှုကြောင့် နေအိမ်တွေအပေါ်ထိ မြွေတွေရောက်ရှိလာခဲ့ပြီး ပြည်သူတွေမှာ အခက်တွေ့နေကြရတယ်လို့ သိရပါတယ်..။

မြွေအကောင်ကြီးတွေ အိမ်ပေါ်ထိရောက်လာပြီး အိမ်ခေါင်မိုးပေါ်တွေမှာလည်း မြွေတွေ တက်လာတယ်လို့ ဒေသခံပြည်သူတွေကလည်း ပြောပြလာတာ ဖြစ်ပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

လက်ရှိအခြေအနေတွေမှာ ပြည်သူတွေဟာ အခက်အခဲတွေကြား အချင်းချင်း အားပေးကာ ဖေးမကူညီမှုတွေနဲ့ ဆိုးရွားတဲ့ကာလတွေကို ရင်ဆိုင်နေကြရတာဆိုလည်း မမှားပါဘူး..။

အခုလို အစစအရာရာခက်ခဲနေကြတဲ့အချိန်မှာ ပြည်သူတွေအနေနဲ့ စိတ်ရောကိုယ်ပါ ကျန်းမာအောင် ဂရုတစိုက်နေထိုင်ရင်း အဆိုးတွေကို ဖြတ်ကျော်နိုင်ကြဖို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်နော်..။

Photo Credit - Original Uploader
Photo Credit - Original Uploader


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T