အဆက်မပြတ် မိုးရွာသွန်းမှုကြောင့် ရေကြီးမှုဒဏ်ကို ခံစားနေရတဲ့ မိသားစုတွေအတွက် ခက်ခက်ခဲခဲ စားသောက်စရာများ လိုက်လံဝေမျှလှူဒါန်းပေးခဲ့ကြတဲ့ စေတနာရှင်များ

//s9.kh1.co/41/415b171aa5e854c529166801622b35ac7219941f.jpg
နေ့စဉ်သတင်းများ

 ၃၀-လိုင်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလော မွန်ပြည်နယ်က၊ မြို့နယ်တချို့တွေမှာ တစ်ကျော့ပြန် ဖြစ်ပွားလာခဲ့တဲ့ ကိုဗစ်ရောဂါကူးစက်မှုတွေဟာ ပိုမိုဆိုးရွားစွာ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ဒီလိုရောဂါကူးစက်မှုတွေ မြင့်တက်နေတဲ့ ကြားကနေ ပြီးခဲ့တဲ့ ရက်ပိုင်းက အဆက်မပြတ် မိုးရွာသွန်းမှုကြောင့် မြို့နယ်တချို့က ကျေးရွာတွေမှာ မြစ်ရေတက်ပြီး ရေကြီးရေလျှံမှုတွေကို ဖြစ်ပေါ်နေခဲ့ပါတယ်။ လက်ရှိမှာတော့ မွန်ပြည်နယ်က ပြည်သူတချို့ဟာ ရောဂါကပ်ဘေးအပြင် သဘာဝကပ်ဘေးကိုပါ ဆိုးဆိုးရွားရွား ကြုံတွေ့နေရရှာပါတယ်။

Photo Credit - Ashin Thihanyana
Photo Credit - Ashin Thihanyana
Photo Credit - Ashin Thihanyana
Photo Credit - Ashin Thihanyana
Photo Credit - Ashin Thihanyana
Photo Credit - Ashin Thihanyana

ဒါ့အပြင် မြို့နေ ပရဟိတအသင်းများက ယခုရက်ပိုင်းမှာ ကိုဗစ်လူနာတွေနဲ့ ရေဘေးသင့်ပြည်သူတွေကို အတတ်နိုင်ဆုံး ကူညီကယ်ဆယ်ရေးတွေ လုပ်ပေးနေတဲ့အပြင် အလှူရှင်များကလည်းစားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းပေးနေကြတာ တွေ့နေရပါတယ်။ ယခုမှာလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြည်သူတွေကို အမြဲတမ်း ကူညီထောက်ပံ့ လှူဒါန်းပေးတဲ့ ဦးဇင်းတစ်ပါးရဲ့ လူမှုကွန်ယက်မှာ ရေဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းပေးခဲ့တဲ့ ပုံရိပ်လေးတွေကို ဖော်ပြလာတာ တွေ့ရပါတယ်။

Photo Credit - Ashin Thihanyana
Photo Credit - Ashin Thihanyana
Photo Credit - Ashin Thihanyana
Photo Credit - Ashin Thihanyana

ဒါကတော့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ထဲက အတ္ထရံမြစ် အရှေ့ဘက်ရှိ ရေကြီးနစ်မြုပ်နေတဲ့ ကျေးရွာတွေမှာ အခြေခံစားသောက်ကုန်များနဲ့ ကျန်းမာရေး အသုံးအဆောင်ပစ္စည်းများကို ဝေမျှလှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ လိုက်လံဝေမျှပေးတဲ့အချိန်မှာလည်း ပရဟိတသမားတွေက ခက်ခက်ခဲခဲ လှူဒါန်းပေးခဲ့ကြတာကို တွေ့ရပါတယ်။ ယခုလို ရေဘေးသင့်ပြည်သူတွေအတွက် စားသောက်စရာ လှူဒါန်းပေးခဲ့ကြတဲ့ မြင်ကွင်းတွေကတော့ ကြည်နူးစရာကောင်းလောက်ပါတယ်။

Photo Credit - Ashin Thihanyana
Photo Credit - Ashin Thihanyana
Photo Credit - Ashin Thihanyana
Photo Credit - Ashin Thihanyana

သတင်း အရင်းအမြစ်Source -Ashin Thihanyana

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T