ကိုဗစ်လူနာများအတွက် အရေးကြီးလိုအပ်တဲ့ ဆေးကို မနက်ငါးနာရီလောက်ကတည်းက လာရောက်တန်းစီ ဝယ်ယူနေကြတဲ့ ပြည်သူများ

//s9.kh1.co/39/39da84fd7d070ac43afe8fdc0c78a9c378a89fd2.jpeg
နေ့စဉ်သတင်းများ

 ၃၁-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

......

မြန်မာနိုင်ငံရဲ့ လတ်တလောအခြေအနေတွေကတော့ အရာရာကို တန်းစီပြီး စောင့်ဆိုင်း ဝယ်ယူနေကြရတာကို တွေ့ရပါတယ် ။ နိုင်ငံရေး အခြေအနေတွေ ပြောင်းလဲခဲ့စဉ်ကလည်း ATM စက်တွေမှာ ငွေသားတွေကို နေပူထဲ တစ်နေကုန် တန်းစီ ထုတ်ယူခဲ့ကြရပါတယ် ။ ကိုဗစ်ရောဂါတွေ ပြန်လည်ဖြစ်ပွားလို့ အောက်ဆီဂျင်တွေ လိုအပ်ကြတော့လည်း တစ်ခါတန်းစီကြရပြန်ပါတယ် ။

Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader

အခုလည်း ကိုဗစ်လူနာတွေမှာ D-dimer များလို့ သူတို့အတွက် အရေးတကြီး လိုအပ်တဲ့ Enoxaparin injection  ဆေးတစ်မျိုးကို လာရောက် တန်းစီဝယ်ယူနေရပြန်ပါတယ် ။ တန်းစီသူတွေက အရမ်းများပြားလို့ မှတ်တိုင် နှစ်ခုစာလောက် ရှိတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ဆိုပါတယ် ။ ဒီလိုလာတန်းစီကြသူတွေက မနက် ငါးနာရီ ဆိုင်မဖွင့်ခင် ကတည်းက ရောက်နေကြတယ်လို့လည်း သိရပါတယ် ။

Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader

ခုလို လူများစွာ လာရောက် တန်းစီစောင့်ဆိုင်းနေတာကြောင့် အာဏာရှင် လူတစ်စုက ရောက်လာပြီး လူစုလာခွဲသွားတယ်လို့လည်း သိရတာ တကယ်စိတ်မကောင်းစရာပါပဲ ။ တန်းစီသူတွေအထဲမှာ  အရေးကြီး လူနာပိုင်ရှင်သာ ပါခဲ့ရင်ဆိုတဲ့ စိတ်နဲ့ ပူပန်မိတာ အမှန်ပါပဲ ။ ပရိသတ်ကြီး အတွက် ဆေးဝယ်ယူရန် ဆိုင်ရှေ့မှာ လာရောက်တန်းစီနေကြတဲ့ မြင်ကွင်းတွေကို ပြန်လည်ဝေမျှပေးရင်း အားလုံး အဆင်ပြေကြပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T