ပြည်သူများ ကိုဗစ်ရောဂါ ကူးစက်မှုတွေ လျော့ကျစေရန် လမ်းမကြီးတွေ အထက်မှာ ပိုးသတ်ဆေးများ လိုက်လံဖြန်းပေးနေတဲ့ မီးသတ်တပ်ဖွဲ့ဝင်များ

//s9.kh1.co/74/74f307d62516dee810379124c5b91c7a85e17e16.jpeg
နေ့စဉ်သတင်းများ

 ၃၁-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

......

ဒီအတော်အတွင်း ကိုဗစ်ရောဂါ ကူးစက်မှုနှုန်းတွေကလည်း မြင့်တက်နေဆဲ ရှိတာကို တွေ့ရပါတယ် ။ ရောဂါကြောင့် သေဆုံးနေကြတဲ့ သက်ကြီးရွယ်အိုတွေ များစွာကို တွေ့နေရတာလည်း တကယ်ကို စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ ။ ဒါကြောင့်လည်း ဒီထက်ပိုပြီး အခြေအနေတွေ မဆိုးရွားလာအောင် ပြည်သူအချင်းချင်း ကူညီစောင့်ရှောက်မှုတွေ လိုက်နာသင့်တဲ့ သတိပေးချက်တွေကို လက်ဆင့်ကမ်း ဖော်ပြပေးနေကြတာပါ ။

Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader

ရပ်ကွက်တွေ အတွင်းမှာဆိုရင်လည်း ပရဟိတ အသင်းတွေ ဦးဆောင်ပြီး ပိုးသတ်ဆေးတွေ တစ်နိုင်တစ်ပိုင် လိုက်လံ ဖြန်းပေးလျက်ရှိပါတယ် ။ အခုလည်း ပြည်သူတွေ သွားလာရာမှာ ရောဂါပိုး ကူးစက်မှုတွေ လျော့ကျစေဖို့ ရန်ကုန်တိုင်းဒေသကြီး ရဲ့ လမ်းမကြီးတွေ အထက်မှာ မီးသတ်တပ်ဖွဲ့ဝင်တွေ  ပိုးသတ်ဆေးများ လိုက်လံဖြန်းပေး နေကြတဲ့ ပုံရိပ်တွေကို တွေ့ရပါတယ် ။ အခု ပုံမှာမြင်တွေ့ရတဲ့ နေရာတွေကတော့ အေဒီမီးပွိုင့်နဲ့ ဟံသာဝတီ အဝိုင်းနားပဲဖြစ်ပါတယ် ။

Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader

ပြည်သူတွေ အနေနဲ့ လည်း  ဒီလို ကာလတွေမှာ တတ်နိုင်ရင် အပြင်ကို မထွက်ကြဖို့ တိုက်တွန်းအပ်ပါတယ် ။ စားဝတ်နေရေး ၊ ကျန်းမာရေး တွေ အတွက် အကြောင်းရှိလို့ ထွက်ရရင်တောင် Mask ကို နှစ်ထပ် လုံခြုံအောင် တပ်ဆင်ပြီး အိမ်ပြန်ရောက်ရင်လည်း ဘယ်အရာမှ မထိတွေ့ဘဲ လက်ဆေး ၊ ရေချိုးတာတွေ ဝတ်လာတဲ့ အဝတ်တွေကို လျှော်တာတွေ အရင်ပြုလုပ်သင့်ကြောင့် အကြံပေးရင်း ရန်ကုန်မြို့မှာ ပိုးသတ်ဆေးတွေ လိုက်ဖြန်းပေးနေတဲ့ မီးသတ်တပ်ဖွဲ့ရဲ့ ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ် ။

Photo Credit : Original Uploader
Photo Credit : Original Uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T