အမျိုးသမီးမ‌ျားအနေဖြင့် ကျန်းမာရေးကောင်းဖို့နဲ့ ကလေးရရှိဖို့အတွက် သွားရောက်ဆုတောင်းကြလေ့ရှိ‌တဲ့ ဂျပန်နိုင်ငံက အရုပ်ဘုရားကျောင်း

//s9.kh1.co/3d/3d9e59a46d6cf67500e28ebf0096f1851134c258.jpg
ဗဟုသုတအဖြာဖြာ

 ၀၁-သြ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ခုဖော်ပြမယ့် အကြောင်းအရာလေးကတော့ ဂျပန်နိုင်ငံက ထူးဆန်းတဲ့ ဘုရားကျောင်းပဲ ဖြစ်ပါတယ်။ ဘုရားကျောင်းအမည်ကတော့ "အာဝါရှီမာ"လို့ ခေါ်ကြပါတယ်။ ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုမှာ အရုပ်များဟာ အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အရုပ်များကို ဘာသာရေးဆိုင်ရာ ဆုတောင်းပွဲ အခမ်းအနားများမှာလည်း အသုံးပြုလေ့ရှိကြပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/fd/fd3cd2d85c6a38b590d579e5d22efb8dd8427674.jpg
https://s9.kh1.co/__image/w=650,h=366,q=100/4e/4e7e472ef37b30de7e7e3a185718afb908702ad9.jpg

အာဝါရှီမာ ဘုရားကျောင်းဟာ အမျိုးသမီးများ ကျန်းမာရေးနှင့် ကလေးရရှိရေးအတွက် လာရောက်ဆုတောင်းလေ့ရှိတဲ့ နေရာဖြစ်ပါတယ်။ လာရောက်ဆုတောင်းကြသူများဟာ မိမိတို့ သမီးများ အရွယ်ရောက်ချိန်မှာ အရုပ်များကို ဘုရားကျောင်းသို့ သွားရောက် ထားရှိတက်ကြပါတယ်။ ဘုရားကျောင်းတစ်ခုလုံးဟာ ထောင်ပေါင်းများစွာသော အရုပ်များဖြင့် ပြည့်နှက်နေပြီး အဖိုးတန်ပစ္စည်းများလည်း ရှိနေပါတက်ပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/5d/5de705353309d5f824735e0578f3d624db677d12.jpg
https://s9.kh1.co/__image/w=600,h=400,q=100/43/430c1e0907252fdb0536f12856d485900a4e6cfb.jpg

အချို့ အရုပ်များဟာ ဝိညာဉ်များကို ထိန်းသိမ်းထားတယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် နှစ်စဉ်နှစ်တိုင်း ဘုရားပွဲတော်မှာ အရုပ် အချို့ကို စုပုံကာ လှေများဖြင့် တင်ဆောင်ပြီး ပင်လယ်အတွင်းသို့ စွန့်ပစ်လေ့ရှိပါတယ်။ အရုပ်များတင်ဆောင်လာတဲ့ လှေကို နှစ်မြှုပ် လိုက်ခြင်းဖြင့် မကောင်းတဲ့ ကံဆိုးမှုများဟာ အရုပ်များနှင့် အတူ ပင်လယ်အောက်ကို ရောက်ရှိသွားတယ်လို့ ယုံကြည်ကြပါတယ်။ တစ်ခါတုန်းက ဘုန်းကြီးတစ်ပါးကတော့ အသုဘအခမ်းအနား ပြုလုပ်ပြီး အရုပ်များကို မီးရှို့ခဲ့တယ်ဆိုတဲ့ ရာဇဝင်လည်း ရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=375,h=500,q=100/be/be091f5bb5a801dfc4ca58b2678c240978e47f89.jpg

သတင်း အရင်းအမြစ်Wonderlist

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T