မြေမြုပ်မိုင်းများကို အာရုံခံ ရှာဖွေနိုင်စွမ်းရှိကြတဲ့ ကမ္ဘာ့အသေးငယ်ဆုံး ပျားများ

//s9.kh1.co/13/13f35ecd64c2f0528aa304d5ee2164aab3db693f.jpg
ဗဟုသုတအဖြာဖြာ

 ၀၁-သြ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီတစ်ခါမှာတော့ အာရုံခံစွမ်းရည်မြင့်မားတဲ့ တိရိစ္ဆာန်တွေနဲ့ ပတ်သက်ပြီး ဖော်ပြသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီလို အာရုံခံစွမ်းရည် မြင့်မားဆဲ့ သတ္တဝါတွေထဲကမှ သေးငယ်ပြီး လူသားတွေကို အက‌ျိုးပြုတဲ့ ပျားများအကြောင်းကို ရွေးချယ်ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ခုဖော်ပြမယ့် အာရုံခံနိုင်စွမ်းဟာ ရိုးရိုးပင်ကိုယ် သဘာဝစွမ်းရည်တော့မဟုတ်ပါဘူး။ အချိန်ပေးပြီး လေ့ကျင့်မှုကြောင့်ရရှိလာတဲ့ မိုင်းတွေကို ရှာဖွေနိုင်မယ့် အာရုံခံစွမ်းရည်မျိုးပဲ ဖြစ်ပါတယ်။

//s9.kh1.co/5f/5f9ad3882db3ef8f28ea8b826eef8a9d50b7c58b.gif
https://s9.kh1.co/__image/w=634,h=378,q=100/19/19b2747060aaaa01abaaea3e520e213aebb9fcc0.jpg

ပန်းဝတ်ရည်ကို ဘယ်နေရာမှာရှိကြောင်း ထောက်လှမ်းနိုင်တဲ့ ပျားများကို ပေါက်ကွဲပစ္စည်းများမှာ ပါရှိတဲ့ သကြားနံ့နှင့်အတူ မြေမြုပ်မိုင်းများကို ရှာဖွေရန် လေ့ကျင့်ပေးနိုင်ပါတယ်။ လေ့ကျင့်ပေးထားတဲ့ ပျားများဟာ TNT ယမ်းနံ့ကို ၄ ဒသမ ၅ ကိလိုမီတာ(၂ ဒသမ ၈ မိုင်) အကွာအဝေးမှ အာရုံခံနိုင်စွမ်းရှိပါတယ်။ အပူငွေ့သုံး ကင်မရာများဟာ ပျားများရဲ့ လှုပ်ရှားမှုကို ခြေရာခံနိုင်ပါတယ်။ သုတေသန ပြုလုပ်ချက်များအရ ပျားများကို မိုင်းများရှင်းထားတဲ့ ကွင်းများမှာ မိုင်းများ ကျန်ရှိနေသေးခြင်းရှိ၊ မရှိ သိရှိနိုင်ရန် အသုံးပြုနိုင်မယ်လို့ မျှော်လင့်ထားကြတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=479,q=100/5b/5b7860411484cc0dafa8fefb0f7d2e338da506a4.jpg
https://s9.kh1.co/__image/w=650,h=366,q=100/18/184471f39f2cd2263f060fff1b112152a3e50c55.jpg

ပျားများကို မိုင်းရှာခိုင်းခြင်းဟာ ခွေးများ၊ ကြွက်များကို ရှာခိုင်းခြင်းထက် ကုန်ကျစရိတ် သက်သာပါတယ်။ လေ့ကျင့်ထားတဲ့ ပျားများဟာ အခြားပျားများကို သဘာ၀ အလျောက် ဆင့်ပွား သင်ပေးကြကြောင်းလည်း တွေ့ရှိကြရပါတယ်။ ပျားများရဲ့ ဦးမှင်များဟာ ဓာတုပစ္စည်းများ အငွေ့ပျံမှုကို ထောက်လှမ်းနိုင်ကြပါတယ်။ ဒါ့ကြောင့် ပျားများဟာ မြေမြှုပ်မိုင်း များကို ရှာဖွေနိုင်တဲ့ အသေးငယ် ဆုံး သတ္တဝါများအဖြစ် ဂင်းနစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/5c/5c1a0a5471f87d19f1a04cf6f9894b5773e6db31.jpg

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T