ယာဉ်စီးခပိုတောင်းနေကြတဲ့ Bus တွေကြားမှာ စေတနာအပြည့်နဲ့ ပြည်သူတွေအတွက် အခမဲ့စီးနင်းခွင့်ပြုနေတဲ့ YBS (၇) တစ်စီး

//s9.kh1.co/5c/5ce03418ad4e19058c69fada99a3bb0d5cd71fae.png
နေ့စဉ်သတင်းများ

 ၀၁-သြ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

လောကကြီးမှာလူချမ်းသာတာထက် စေတနာချမ်းသာဖို့သာပိုပြီးလိုအပ်ကြောင်းကို YBS (၇) တစ်စီးက သက်သေပြခဲ့ပါတယ်။ အခုလိုအကျပ်အတည်းကာလတွေမှာ ပြည်သူအချင်းချင်း ကူညီကြတာတွေရှိသလို ခေတ်ပျက်တဲ့အချိန်မှာ အခွင့်အရေးယူကြသူတွေလည်း ထုနဲ့ဒေးပါပဲ။ အစစအရာရာ ဈေးတက်နေတဲ့ အချိန်မှာ ယာဉ်စီးခတွေကို မတန်တဆတောင်းကြသူတွေရှိသလို စေတနာသန့်သန့်နဲ့ ပြည်သူတွေ အဆင်ပြေစေဖို့ရည်ရွယ်ပြီး ယာဉ်စီးခအခမဲ့နဲ့မောင်းနှင်ပေးတဲ့ YBS (၇) ကတော့ တကယ်ကို စံပြပါပဲ။ ယာဉ်စီးခအသုံးပြုရမယ့်ငွေကြေးကို တခြားအကျိုးရှိတဲ့ဟာမှာ အသုံးပြုလိုက်နိုင်တာမို့ စီးနင်းသူတွေလည်းအဆင်ပြေကြမှာပါ။

Photo Credit - Rightful Owner
Photo Credit - Rightful Owner

ငွေကြေးအများကြီးမလှူဒါန်းနိုင်ရင်တောင် ကိုယ်တတ်နိုင်တဲ့ဖက်က အခုလိုကူညီတာဟာ တကယ်ကို မွန်မြတ်လွန်းပါတယ်။ ဒီအဖြစ်အပျက်လေးကိုမြင်တွေ့ရတဲ့ပြည်သူတစ်ယောက်ဟာ " ယာဉ်စီးခ 500/1000 အပြိုင်တောင်းနေတဲ့အချိန်မှာ ပြည်သူတွေဘက်ကိုကြည့်တဲ့ ဒီလိုကားမျိူးလည်းရှိပါသေးတယ် Big Respect pr " ဆိုပြီး သူမရဲ့ရင်တွင်းခံစားချက်တစ်ချို့ကို ပြောပြလာခဲ့ပါတယ်။ ပြည်သူအချင်းချင်း အပြန်အလှန်ကူညီပြီး လက်ရှိအကျပ်အတည်းတွေကြားက ရုန်းထွက်ရမှာပါ။

Photo Credit - Rightful Owner
Photo Credit - Rightful Owner

ကိုယ့်ရဲ့မတော်လောဘကြောင့် တစ်ဖက်သားမှာထိခိုက်သွားတယ်ဆိုတာ တကယ်ကိုမကောင်းပါဘူး။ သမ္မာအာဇီဝဆိုတာ ဘယ်အချိန်စားစားမြိုကျတဲ့ထမင်းလုပ်တွေပါပဲ။ စိတ်ရင်းစေတနာကောင်းစွာနဲ့ ပြည်သူတွေရဲ့လိုရာခရီးကို အပင်ပန်းခံပြီး အခမဲ့မောင်းပို့ပေးတဲ့ YBS ယာဉ်မောင်းသူနဲ့ ဒီအလှူလေးဖြစ်မြောက်ဖို့ အဖက်ဖက်က ဝိုင်းဝန်းကူညီပေးခဲ့ကြသူတွေအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ကပ်ရောဂါဘေးကနေကင်းဝေးပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။

Photo Credit - Rightful Owner
Photo Credit - Rightful Owner

သတင်း အရင်းအမြစ် Po Po's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T