ဉာဏ်မကောင်းပေမယ့် မိခင်စိတ်ချမ်းသာစေချင်လို့ ဂုဏ်ထူးပါတဲ့အထိ စာကြိုးစားခဲ့တဲ့ သူငယ်ချင်းက ဖမ်းဆီးခံလိုက်ရလို့ ဝမ်းနည်းနေတဲ့ လူငယ်တစ်ဦး

//s9.kh1.co/e8/e8208684bd450521ccd45d80d859d5b50803af99.jpg
နေ့စဉ်သတင်းများ

 ၀၁-သြ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

ဉာဏ်မကောင်းပေမယ့် မိခင်စိတ်ချမ်းသာစေချင်လို့ ဂုဏ်ထူးပါတဲ့အထိ စာကြိုးစားခဲ့တဲ့ သူငယ်ချင်းက ဖမ်းဆီးခံလိုက်ရလို့ ဝမ်းနည်းနေတဲ့ လူငယ်တစ်ဦး

ကိုဗစ်ကူးစက်မှုတွေကြောင့် လူအများအပြား အသက်သေဆုံးနေလို့ စိတ်သောကရောက်နေကြချိန် မြန်မာပြည်သူတွေဟာ ဝမ်းနည်းစရာသတင်းတစ်ခုကြောင့် စိတ်မကောင်းဖြစ်နေကြပါတယ်။ အကြောင်းကတော့ ရန်ကုန်မြို့က ရွှေဆိုင်ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်၍ လူငယ်အများအပြားဟာအကြောင်းမဲ့ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး မြန်မာပြည်သူတွေကတော့ ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်လေးတွေအတွက် ဝမ်းနည်းနေကြတာ ဖြစ်ပါတယ် ။ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေထဲ (၁၀)တန်းစာမေးပွဲကို ဂုဏ်ထူးနဲ့အောင်မြင်ခဲ့တဲ့ ထူးခန့်ထည်အောင်အမည်ရှိ လူငယ်လေးတစ်ယောက်လည်း ပါဝင်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder

ယခုမှာတော့ လူငယ်လေးတစ်ဦးက ထိန်းသိမ်းခံလိုက်ရတဲ့ သူငယ်ချင်းဖြစ်သူအတွက် ဝမ်းနည်းနေပြီး သူငယ်ချင်းထူးခန့်ထည်အောင်ရဲ့အတုယူစရာကောင်းတဲ့ စိတ်ထားလေးကို ပြောပြလာခဲ့ပါတယ်။ ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်လေးဟာ သူငယ်ချင်းအပေါ် အမြဲအနစ်နာခံတတ်သလို တစ်ဖက်သားကိုလည်း ကူညီတတ်ပြီး ပရဟိတအလုပ်တွေကို သူတတ်နိုင်သလောက် လုပ်ကိုင်လေ့ရှိတာဖြစ်ပါတယ်။ အဆိုပါလူငယ်လေးဟာ သူငယ်ချင်းဖြစ်သူပိုက်ဆံမရှိလို့ မုန့်မဝယ်စားနိုင်ရင် သူ့ပိုက်ဆံစိုက်ပြီး မုန့်ဝယ်ကျွေးလေ့ရှိသလို ထမင်းဘူးမပါရင်လည်း ခေါက်ဆွဲပြုတ်ကို ကိုယ်တိုင်ပြုတ်ပြီး သူငယ်ချင်းကို ကျွေးမွေးတဲ့အထိ စိတ်ထားကောင်းမွန်သူဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder

ဖမ်းဆီးခံလူငယ်လေးဟာ ဉာဏ်မ​ကောင်းပေမယ့်လည်း မိခင်ဖြစ်သူ စိတ်ချမ်းသာစေချင်တာကြောင့် ဂုဏ်ထူးပါတဲ့အထိ အရမ်းစာကြိုးစားခဲ့တဲ့ လူငယ်လေးတစ်ယောက်ပဲဖြစ်ပါတယ်။ အဆိုပါလူငယ်လေးရဲ့ သူငယ်ချင်းဖြစ်သူကတော့ " ဘာလို့ သူတစ်ပါးအပေါ်အမြဲကောင်းတဲ့ လူတစ်ယောက်ကို မဟုတ်တဲ့ပုဒ်မတွေနဲ့ စွပ်စွဲပြီး ထိုးနှက်ထားရတာလဲသူတော်ကောင်းတွေကို စော်ကားမိရင် တစ်ချိန်ကျ မင်းတို့တွေ အလှည့်ရောက်မနွဲ့စတမ်းပေါ့ကွာ "ဆိုပြီး ရေးသားထားပါတယ်။ဖော်ပြပါလူငယ်လေးအပါအဝင် ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်လေးတွေအားလုံး ဘေးရန်ကင်းကင်းနဲ့ အမြန်ဆုံးလွတ်မြောက်ပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T