ကမ္ဘာပေါ်က ရှားပါးမျိုးနွယ်စု တစ်ခုဖြစ်တဲ့ ဟင်မ်ဘာ လူမျိုးများအကြောင်း

//s9.kh1.co/65/6534de1a09549d8eb69bef400d6a49b1f6b02d8e.jpg
ဗဟုသုတအဖြာဖြာ

 ၀၁-သြ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ခုတစ်ခါမှာတော့ နမ်မီးဘီယားနိုင်ငံမြောက်ပိုင်းနှင့် အင်ဂိုလာနိုင်ငံ၊ ကူနေးနေး မြစ်တစ်ဖက်ကမ်းမှာ နေထိုင်ကြတဲ့ ဟင်မ်ဘာ လူမျိုးများအကြောင်းကို ဖော်ပြသွားမှာပါ။ အဲ့ဒီမျိုးနွယ်စုဟာဆိုရင် ယခုအခါမှာ လူဦးရေ ၅၀၀၀၀ သာကျန်ရှိတော့တဲ့ တိုင်းရင်းသားမျိုးနွယ်စု တစ်ခုဖြစ်ပါတယ်။ အိုဗယ်လ်ဟင်မ်ဘာ လူမျိုးများဟာ တစ်နေရာတည်းမှာ အခြေချပြီး အမြဲနေထိုင်တာမျိုးမဟုတ်ဘဲ ရွှေ့ပြောင်းနေထိုင်ကြကာ တိရိစ္ဆာန်များမွေးမြူကြပါတယ်။ Bantu ဘာသာစကား အုပ်စုဝင် OtjiHimba စကားကိုပြောဆိုကြပါတယ်။

https://s9.kh1.co/__image/w=600,h=900,q=100/00/00a49ae3f77cea21b0db87be3b3b40828b5ae6f2.jpg

အဲ့ဒီလူမျိုးများကို နမ်မီးဘီယားနိုင်ငံရဲ့ နောက် ဆုံးကျန်ရှိနေတဲ့ ရွေ့ပြောင်းတစ်ပိုင်း၊ အခြေနေထိုင်ခြင်းတစ်ပိုင်း လူမျိုးစုအဖြစ် သတ်မှတ်ထားပါတယ်။ အိုဗယ်လ်ဟင်မ်ဘာများဟာ အဓိကအားဖြင့် မွေးမြူရေးနှင့် လယ်ယာလုပ်သားများဖြစ်ကြပြီး အမြီးတုတ်သိုးနှင့် ဆိတ်များကို မွေးမြူကြပါတယ်။ သူတို့ရဲ့ ပိုင်ဆိုင်မှုကို ကျွဲ၊ နွား အရေအတွက်ဖြင့် တိုင်းတာကြပါတယ်။ ပြောင်းနှင့် မုယောကဲ့သို့ မိုးသီးနှံများကိုလည်း စိုက်ပျိုးကြပါတယ်။ တိရိစ္ဆာန်များကို နို့နှင့်အသားအတွက်မွေးမြူကြကာ အသားနှင့်နို့ကိုတော့ ပြောင်း၊ နှံစား၊ ကြက်ဥများနှင့် ရောနှော စားသုံးလေ့ရှိပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/c4/c4c2dac47110644fef7d1f332fca6425b4c03bb4.jpg

အဲ့အပြင် ဆေးဘက်ဝင် ပရဆေးပင်ရိုင်းများနှင့် ပျားရည်ကိုလည်း ထည့်စွက် စားသုံးကြတက်ပါတယ်။ တစ်ခါတစ်ရံမှာတော့ အိုဗယ်လ်ဟင်မ်ဘာတို့ဟာ အိမ်မွေးတိရိစ္ဆာန်များကို ငွေကြေးဖြင့် ရောင်းချတာမျိုးလည်း ရှိပါတယ်။ လယ်ယာ လုပ်ငန်း မဟုတ်သော လုပ်ငန်းများ၊ လုပ်ခလစာများ၊ ပင်စင်ကြေးများနှင့် အခြားငွေကြေး လွှဲပြောင်းမှုများဟာ အိုဗယ်လ်ဟင်မ်ဘာ လူမျိုးစုရဲ့ ဘဝနေထိုင်မှု အတွင်း သေးငယ်သော တစ်စိတ်တစ်ပိုင်းအဖြစ် တည်ရှိနေပါတယ်။ နမ်မီးဘီးယားအစိုးရက သက်ကြီး ပင်စင်ကြေး များ၊ မိုးခေါင်ရေရှားမှု အထောက်အပံ့များကို ပံ့ပိုးပေးလျက်ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=839,q=100/09/099ac6b81454756ecce25c6f8fafc5ffa738b524.jpg

ဟင်မ်ဘာလူမျိုး အမျိုးသားများဟာ ဇနီးတစ်ယောက်ထက်ပို ယူလေ့ရှိကြပြီး ပျမ်းမျှအားဖြင့် ဟမ်ဘာအမျိုးသား တစ်ဦးဟာ ဇနီး နှစ်ယောက်နှင့် တစ်ပြိုင်တည်းပေါင်းသင်းနေထိုင်လေ့ရှိကြပါတယ်။ မိမိတို့ရဲ့ အိမ်ထောင်ဘက်များကို ကလေးဘ၀မှာကတည်းက ရွေးချယ် သတ်မှတ်တဲ့ ဓလေ့ကို ကျင့်သုံးကာ ဟင်မ်ဘာမိန်းကလေးငယ်များကတော့ ဖခင်များ ရွေးချယ်ပေးသူများနှင့် လက်ထပ်ကြရပါတယ်။ ဟင်မ် ဘာလူမျိုးများဟာ လူပျို အပျိုဖြစ်သည်နှင့် အိမ်ထောင်ပြုကြပြီး ၁၀ နှစ်အောက်အရွယ် မိန်းကလေးများကို အိမ်ထောင်ပြုခွင့်ထားသော်လည်း နမ်မီးဘီးယားဥပေဒအရ တရား၀င် ခွင့်ပြုခြင်းမရှိချေ။ ဟင်မ်ဘာတွေဟာ ယောက်ျားလေးများဆို အသက်အရွယ်ကို မကြည့်ဘဲ အိမ်ထောင်ကျလျှင် အရွယ်ရောက်ပြီဟု သတ်မှတ်ကြပြီး မိန်းကလေးများကိုမူ ကလေးတစ်ယောက်ရရှိချိန်ရောက်မှ အပြည့်အ၀ အရွယ်ရောက်သည့် မိန်းမ တစ်ဦးဟု အသိအမှတ် ပြုကြပါတယ်။

https://s9.kh1.co/__image/w=636,h=900,q=100/e5/e5507f8a93a61ddf1efc3d9df4c2e68a5b72998a.jpg
https://s9.kh1.co/__image/w=650,h=432,q=100/d3/d31c427ce638d219400386890f691f62ac6c330c.jpg

သတင်း အရင်းအမြစ်Blogger Arena

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T