နေမကောင်းဖြစ်နေလို့ ဆေးရုံတင်ထားရတဲ့ ဖခမည်းတော်ကို အနီးကပ်ပြုစုပြီးစောင့်ရှောက်ပေးနေတဲ့ ပရဟိတဆရာတော် အဝေရာဟောန္တု

//s9.kh1.co/36/36bbaace1dfac513c1921b0d7c9bb152938e8e4f.jpg
နေ့စဉ်သတင်းများ

 ၀၁-သြ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

နေမကောင်းဖြစ်နေလို့ ဆေးရုံတင်ထားရတဲ့ ဖခမည်းတော်ကို အနီးကပ်ပြုစုပြီးစောင့်ရှောက်ပေးနေတဲ့ ပရဟိတဆရာတော် အဝေရာဟောန္တု

ကိုဗစ်ရောဂါကူးစက်မှုတွေကြောင့် မြန်မာပြည်သူတွေဟာ စားဝတ်နေရေးခက်ခဲတဲ့ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနေရပါတယ်။ ကိုဗစ်ရောဂါကူးစက်မှုတွေကြောင့် ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေကို သံဃာတော်တွေကလည်း တတ်နိုင်တဲ့ဘက်ကနေ အမျိုးမျိုး ကူညီပေးနေကြပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ကျောက်တံခါးမြို့နယ်၊မြို့ချောင်းအုပ်စု၊ ဒညင်းကုန်းရွာကျောင်းဆရာတော်အဝေရာဟောန္တုဟာလည်း ပရဟိတအလုပ်တွေလုပ်ကိုင်နေပြီး ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို သူတတ်နိုင်သလောက်ကူညီပေးနေပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ယခုမှာတော့ အကူအညီလိုအပ်နေသူတွေကို စားသောက်ဖွယ်ရာတွေ ပေးလှူလေ့ရှိတဲ့ ပရဟိတဆရာတော် အဝေရာဟောန္တုရဲ့ ဖခမည်းတော်ဖြစ်သူဟာ ကျန်းမာရေးမကောင်းဖြစ်နေပြီး မောနေတာကြောင့် ဆေးရုံတင်ထားရပါတယ်။ ဘုန်းဘုန်းကတော့ ဆေးရုံတင်ထားရတဲ့ ဖခမည်းတော်ရဲ့ အနားမှာနေပြီး ဂရုတစိုက်နဲ့ ပြုစုစောင့်ရှောက်နေခဲ့ပါတယ်။ ကိုဗစ်လူနာတွေကိုလည်း တတ်နိုင်သလောက်ကူညီပေးနေတာကြောင့် မအားလပ်တဲ့ကြားက ဖခမည်းတော်ကို ပြုစုပေးနေတာဖြစ်ပြီး ဆရာတော်အဝေရာဟောန္တုကို ပြည်သူအများအပြားက လေးစားချီးကျူးနေကြပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ပြည်သူတစ်ဦးကတော့ " ရန်ကုန် မန်း အမြန်လမ်းဘေး(၈၃)မိုင်ကAccident တွေ ၊ ရိုးမပေါ်က လူနာတွေကို ဟိုးအရင်ထဲက Ambulance မောင်းပြီး ကူညီပေးခဲ့တဲ့အပြင် ဒီနေ့ချိန်မှာ ကိုဗစ်လူနာတွေကိုလည်းPPE ဝတ်ပြီး ကူညီပေးခဲ့တဲ့ ဘုရားသားတော်တစ်ပါးရဲ့ မေတ္တာတွေကို တိုင်တည်ပြီး ဆုတောင်းနော်..။ ခမည်းတော်ကြီး အမြန်ကျန်းမာပါစေဘုရား "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားပါတယ်။နေမကောင်းဖြစ်နေတဲ့ ဖခမည်းတော်ကို အနီးကပ်ပြုစုစောင့်ရှောက်ပေးနေတဲ့ ပရဟိတဆရာတော် အဝေရာဟောန္တုရဲ့ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source:  Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T