သူ့လိုပဲ ဖခင်ကို ဆုံးရှုံးလိုက်ရတဲ့ သူငယ်ချင်းပြေတီဦးအတွက် နှစ်သိမ့်စရာစကားလုံးရှာမတွေ့လောက်အောင် ခံစားနေရတဲ့ ညီနန္ဒ

//s9.kh1.co/54/549f1a5806f93c433e77ed687892aa118d85211a.jpeg
အနုပညာရှင်များ

 ၀၂-သြ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ကိုဗစ်ရောဂါကူးစက်မှုကြောင့် နေ့စဉ်လူပေါင်းရာနဲ့ချီ သေဆုံးနေရပြီး အနုပညာရှင်များရဲ့သက်ဆိုင်သူတစ်ချို့လည်း ဒီရောဂါကြီးကြောင့် ကြွေလွင့်သွားကြရတာကို ဝမ်းနည်းစွာဖြင့် မြင်တွေ့နေရပါတယ်။ မနေ့ကလည်း လူမှုကွန်ယက်တွင် ဝမ်းနည်းစရာသတင်းတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ ဒါကတော့ သရုပ်ဆောင် ပြေတီဦးရဲ့ ချစ်လှစွာသော ဖခင်ဟာ ကိုဗစ်ရောဂါကြောင့် ကွယ်လွန်သွားပြီဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။

Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader

ဒီသတင်းကြားကြားချင်းမှာပဲ အနုပညာလောကမှ ညီအစ်ကိုမောင်နှမများနဲ့ ပြေတီဦးကို ချစ်ကြတဲ့ ပရိသတ်များက မိသားစုနှင့်ထပ်တူ စိတ်မကောင်း ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။ အဆိုးဆုံးကတော့ အကျဉ်းထောင်ထဲတွင် ဖမ်းဆီးထိန်းသိမ်းခံထားရတာကြောင့် ဖခင်ရဲ့ နောက်ဆုံးခရီးကိုတောင် လိုက်ပို့ခွင့်မရတဲ့ ပြေတီဦးအတွက် ဝမ်းနည်းနေကြရတာ ဖြစ်ပါတယ်။ ပြေတီဦးမရှိစဉ်အတွင်း သူ့ရဲ့ဖခင်ကို အနုပညာလောကမှ မောင်နှမတွေအားလုံးကတတ်နိုင်သမျှကြိုးစားပြီး ကူညီပေးခဲ့ပေမယ့်လည်း အခုလို ကွယ်လွန်သွားတဲ့အတွက် ထိခိုက်ကြေကွဲခံစားရကြောင်း ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)ရဲ့လူမှုကွန်ယက်တွင် ရေးသားထားပါတယ်။

Photo Crd-Maungmyomin Yintwinphyit’s Facebook Account 
Photo Crd-Maungmyomin Yintwinphyit’s Facebook Account 
Photo Crd-Original Uploader
Photo Crd-Original Uploader

သရုပ်ဆောင် ညီနန္ဒရဲ့ Facebook အကောင့်တွင်လည်း သူ့လိုပဲ ဖခင်ကို ဆုံးရှုံးလိုက်ရတဲ့ သူငယ်ချင်းပြေတီဦးအတွက် နှစ်သိမ့်စရာစကားလုံးရှာမတွေ့လောက်အောင် ခံစားနေရကြောင်း ဝမ်းနည်းစွာဖြင့် ရေးသားထားတာ ဖြစ်ပါတယ်။ ဂရုစိုက်ကုသနေတဲ့ကြားက သေမင်းရဲ့ အလိုဆန္ဒကို မလွန်ဆိုင်နိုင်ဘဲ ကွယ်လွန်အနစ္စရောက်ခဲ့ရတဲ့ ပြေတီဦးရဲ့ ဖခင်အတွက် Myanmarload မီဒီယာမှလည်း မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်။ ဘဘဦးတင်မောင်ဦးတစ်ယောက် ကောင်းရာမွန်ရာဘုံဘဝမှာ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Nyi Nanda’s and Mgmyomin Yintwinphyit’s Facebook Account ,Original Uploader 

Photo Crd-Nyi Nanda’s Facebook Account 
Photo Crd-Nyi Nanda’s Facebook Account 
Photo Crd-Maungmyomin Yintwinphyit’s Facebook Account 
Photo Crd-Maungmyomin Yintwinphyit’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T