(၅)ရက်လောက်အစာမစားရဘဲ လူမနေတဲ့တိုက်အပေါ်ဆုံးထပ်မှာ ပိတ်မိနေတဲ့ ခွေးလေးကို သွားရောက်ကယ်ဆယ်ခဲ့ကြတဲ့ ပရဟိတသမားများ

//s9.kh1.co/74/7443612042cf9204c88bbcb5e50e07d914fa4814.jpg
နေ့စဉ်သတင်းများ

 ၀၂-သြ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

(၅)ရက်လောက်အစာမစားရဘဲ လူမနေတဲ့တိုက်အပေါ်ဆုံးထပ်မှာ ပိတ်မိနေတဲ့ ခွေးလေးကို သွားရောက်ကယ်ဆယ်ခဲ့ကြတဲ့ ပရဟိတသမားများ

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်၊ဇေယျဝတီဗဟိုလမ်းထဲက လူမနေတဲ့တိုက်အပေါ်ဆုံးထပ်မှာ ခွေးလေးတစ်ကောင်ပိတ်မိနေခဲ့ပါတယ်။ အစာမစားရတာကြာပြီဖြစ်တာကြောင့် နေတိုင်းအူနေတဲ့ ခွေးလေးရဲ့အသံကို ပတ်ဝန်းကျင်ပြည်သူတွေက နေ့စဥ်ရက်ဆက်ကြားနေရတာဖြစ်ပါတယ်။ အဆိုပါခွေးလေးဟာ( ၅)ရက်လောက် တိုက်အပေါ်ဆုံးထပ်မှာပိတ်မိနေတာဖြစ်သလို အစာလည်းမစားရဘဲ ဒုက္ခရောက်နေခဲ့တာဖြစ်ပါတယ်။ အဆိုပါခွေးလေးဟာ တိုက်အပေါ်ဆုံးထပ်ကို တက်ရင်းနဲ့ ပြန်မဆင်းတတ်တော့ဘဲ အခုလိုပိတ်မိနေခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

နောက်ဆုံးမှာတော့ ပြည်သူတစ်ဦးက ဇေယျဝတီလမ်း၊ကွန်ဒို(၈)လွှာမှာ ခွေးလေးတစ်ကောင် ပိတ်မိနေကြောင်း၊ ကူညီကယ်ဆယ်ပေးနိုင်မယ့်လူရှိရင် သွားရောက်ကယ်ဆယ်ပေးကြဖို့ မေတ္တာရပ်ခံကြောင်း လူမှုကွန်ယက်စာမျက်နှာထက်မှာတင်ပြီး အကူအညီတောင်းခံခဲ့ပါတယ်။ ယနေ့မနက်မှာတော့ ပရဟိတသမားတွေက အရေးပေါ်လှေကားမှ တစ်ဆင့်တွယ်တက်ပြီး ပိတ်မိနေတဲ့အဆိုပါခွေးလေးကို သွားရောက်ကယ်ဆယ်ခဲ့ကြပါတယ်။ အစာမစားရတာ (၅)ရက်လောက်ရှိပြီဖြစ်တဲ့ ခွေးလေးကို ပရဟိတသမားတွေက အစာကျွေးမွေးခဲ့ပြီး ပိုင်ရှင်ထံပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ပြည်သူတွေကတော့ ဒုက္ခရောက်နေတဲ့ ခွေးလေးကို အခုလိုသွားရောက်ကယ်ဆယ်ပေးခဲ့ကြတဲ့ ပရဟိတသမားတွေကို ကျေးဇူးတင်စကားပြောဆိုနေကြပါတယ်။ သွားရောက်ကယ်ဆယ်ပေးခဲ့တဲ့ ပရဟိတသမားတစ်ဦးကတော့ " မနေ့ညကစမ်းချောင်းGPတွေထဲ၊ခွေးချစ်သူGPထဲနာမည်ကြီးနေတဲ့ စမ်းချောင်း၊ဇေယျဝတီဗဟိုလမ်း၊ကွန်ဒို(8)လွှာလူမနေကြသေးတဲ့ တိုက်အပေါ်ဆုံးမှာရောက်နေတဲ့ ခွေးလေးကို ကျွန်တော်တို့ စမ်းချောင်းအရန်မီးသတ်(ရဲသူရိန်)အဖွဲ့နဲ့စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ စခန်းမှူးနှင့်အဖွဲ့တို့ နောက်ဖေး အရေးပေါ်လှေကားမှတဆင့်တွယ်တက်ပြီး ကယ်ဆယ်ပြီးပါပြီ ခွေးလေးက အစာမစားရတာ (၅)ရက်လောက်ရှိပြီဖြစ်လို့ ကျွန်တော်ရုံးမှာ အစာသေချာကျွေးပြီး တရုတ်ကျောင်းလမ်းကပိုင်ရှင်တွေထံ ပြန်လည်အပ်နှံပေးလိုက်ပါပြီခင်ဗျာ "ဆိုပြီး လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့ပါတယ်။

Source: Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T