သုံးဘီးယာဥ်နဲ့ အောက်ဆီဂျင် သွားဖြည့်ခိုင်းလိုက်တဲ့အခါ အောက်ဆီဂျင်များ မဖြည့်ပေးလိုက်ဘဲ ရိုးရိုးလေများကိုသာဖြည့်လာခဲ့လို့ သတိထားရအောင် ပြသလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/26/2603a7a4058f1adc607062986cab07642658dbf5.jpg
နေ့စဉ်သတင်းများ

 ၀၂-သြ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလော မြန်မာနိုင်ငံမှာတော့ ကိုဗစ်ရောဂါကူးစက်မှုတွေ မြင့်တက်နေတာနဲ့ အမျှ အောက်ဆီဂျင်များ ရှားပါးတဲ့ပြဿနာတွေကို ရင်ဆိုင်ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ ကိုဗစ်လူနာအများစုကတော့ အောက်ဆီဂျင်ကျပြီး မျက်စိအောက်မှာပဲ ဆုံးပါးသွားခဲ့ကြတာ ဖြစ်ပါတယ်။ တချို့ပြည်သူတွေဆိုရင် အောက်ဆီဂျင်တစ်အိုးရဖို့အတွက် တစ်နေကုန်တစ်နေခန်း နေပူမိုးရွာနေတဲ့ ကြားကနေ ခက်ခက်ခဲခဲ တန်းစီစောင့်ရတာ စိတ်မကောင်းစွာ တွေ့မြင်နေရပါတယ်။

Photo Credit -Tin Tunn Win fb account
Photo Credit -Tin Tunn Win fb account

ဒီလိုအခက်အခဲတွေကို အခွင့်ကောင်းယူပြီး ကိုယ်ချင်းစာနာမှုမရှိတဲ့ သူများက အောက်ဆီဂျင်အိုး စျေးနှုန်းတွေကို အဆမတန်အမြတ်တင်ထားတဲ့အပြင် ဝယ်ချင်းတိုင်းလည်း ဝယ်ယူလို့မရတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတာ တွေ့ပါတယ်။ ဒါ့အပြင် တချို့ဆိုရင်လည်း လုပ်ငန်းသုံး အိုးတွေကို ပြန်လည်ပြုပြင်ပြီး မသိနားမလည်တဲ့ သူများကို လိမ်လည်ရောင်းချနေကြတဲ့ ဖြစ်စဥ်တွေအပြင် အောက်ဆီဂျင်အစား ရိုးရိုးလေးတွေကို ဖြည့်ပေးနေတာတွေလည်း ရှိပါတယ်။

Photo Credit -Tin Tunn Win fb account
Photo Credit -Tin Tunn Win fb account
Photo Credit -Tin Tunn Win fb account
Photo Credit -Tin Tunn Win fb account

ယခုမှာလည်း ပြည်သူတစ်ဦးက မသိသေးတဲ့ပြည်တွေ ဗဟုသုတရရှိဖို့နဲ့ အလိမ်မခံရအောင် ဗီဒီယိုဖိုင်လေး တင်ပေးလာခဲ့ပါတယ်။ ဒါ့ကတော့ အောက်ဆီဂျင်များကို သုံးဘီးယာဥ်ဖြင့် သွားဖြည့်ခိုင်းခဲ့တဲ့အခါ အောက်ဆီဂျင်များ မဖြည့်ပေးထားဘဲ ရိုးရိုးလေးများကိုသာ လိမ်လည်ဖြည့်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒီဗီဒီယိုထဲမှာတော့ အောက်ဆီဂျင်လား နဲ့ ရိုးရိုးလေလားဆိုတာ ခွာခြားသိနိုင်အောင် သေချာရှင်းပြပြီး စမ်းသပ်ဖော်ပြပေးထားတာကြောင့် ပြည်သူတွေအတွက် တကယ့်ကိုအကျိုးရှိမယ်လို့ ထင်မိပါတယ်။ ပရိသတ်တွေလည်း အလိမ်မခံရအောင် သတိထားစေဖို့အတွက် ဒီဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=600,h=273,q=100/5c/5c87161b370be124363ab77438e3c3e8eddde7a5.jpg

(ဗီဒီယို ကြည့်ရန်အတွက် အောက်ပါ link ကို ပုံထဲက အတိုင်း Select ပေးပြီး Facebook (သို့မဟုတ်) Browser ဆိုတဲ့စကားလုံးကို နှိပ်၍ ကြည့်ရှု့နိုင်ပါသည်)

https://www.facebook.com/100007052885928/videos/120783586851699/

သတင်း အရင်းအမြစ်Source - Tin Tunn Win fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T