ရေသန့်ဘူးလိုက်ကောက်နေရင်း ဆန်(၁)တင်းခွဲအိတ်ပေးလိုက်တဲ့ အလှူရှင်အစ်မကြီးကို မော့ကြည့်ပြီး လက်အုပ်လေးချီကာ စကားလေးနှစ်ခွန်းပြောလိုက်တဲ့ ပြည်သူတစ်ဦး

//s9.kh1.co/45/45b228f66e5ba224452a157d59af930cb6fbd741.jpeg
နေ့စဉ်သတင်းများ

 ၀၂-သြ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ရေသန့်ဘူးလိုက်ကောက်နေရင်း ဆန်(၁)တင်းခွဲအိတ်ပေးလိုက်တဲ့ အလှူရှင်အစ်မကြီးကို မော့ကြည့်ပြီး လက်အုပ်လေးချီကာ စကားလေးနှစ်ခွန်းပြောလိုက်တဲ့ ပြည်သူတစ်ဦး

ဒီကာလမှာ လူတိုင်းနီးပါးစီးပွါးရေးကြပ်တည်းနေကြပေမယ့်လည်း ပြည်သူလူထုက အလှူအတန်းဆိုရင်ရှေ့ဆုံးကနေ တစ်တပ်တစ်အား ပါဝင်လှူဒါန်းကြတာပဲဖြစ်ပါတယ်။ဆင်းရဲနွမ်းပါးတဲ့တချို့ပြည်သူတွေဆိုရင် တစ်နပ်စာစားသောက်ဖို့အတွက်တောင် ခက်ခဲနေတာကြောင့် အလှူရှင်တွေက စားသောက်ကုန်ပစ္စည်းတွေလည်း ဝေငှနေတာပဲဖြစ်ပါတယ်။တစ်ဦးကိုတစ်ဦး ကူညီစောင့်ရှောက်ခြင်းဖြင့် လက်ရှိအခြေအနေကို ကျော်လွှားနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

တောင်ငူမြို့နေ ပြည်သူတစ်ဦးကလည်း သူမရဲ့အိမ်ရှေ့ကရေမြောင်းထဲမှာ ရေသန့်ဘူးလိုက်ကောက်နေတဲ့လူကိုတွေ့လို့ သနားဂရုဏာဖြစ်သွားခဲ့ပါတယ်။ဒါ့ကြောင့် သူမက အဲ့ဒီလူကိုလှမ်းခေါ်ပြီး “ဆန်ယူမလား”လို့ မေးကာ ဆန်(၁)တင်းခွဲအိတ် ကို ရက်ရက်ရောရောလှူဒါန်းခဲ့တာဖြစ်ပါတယ်။ဆန်အိတ်လေးရသွားတဲ့အခါမှာ အဲ့ဒီလူကမြေပြင်ပေါ်မှာ ကျုံ့ကျုံ့လေးထိုင်ပြီး လက်အုပ်လေးချီကာ “ကျေးဇူးအများကြီးတင်ပါတယ် အစ်မရယ်၊ကပ်ကြီးသုံးပါးမှကင်းဝေးပါစေ”လို့ ပြန်လည်ဆုတောင်းပေးခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ရေသန့်ဘူးကောက်တဲ့လူမှာ ကလေး (၆)ယောက်တောင်ရှိလို့ စားဝတ်နေရေးခက်ခဲနေတယ်လို့သိရပါတယ်။အလံဖြူထောင်ထားပေမယ့်လည်း သူ့ရဲ့အိမ်ကကိုင်းပင်တွေကြားထဲရောက်နေလို့ ဘယ်သူမှမမြင်တဲ့အကြောင်းကိုမျက်ရည်လေးတွေသုတ်ပြီး အလှူရှင်အစ်မကို ပြောပြနေတာဖြစ်ပါတယ်။အခုလိုမျိုး ခက်ခဲကြပ်တည်းမှုတွေနဲ့ရင်ဆိုင်နေရတဲ့မိသားစုလေးကို ကူညီပေးလိုက်တဲ့ အလှူရှင်အစ်မရဲ့စေတနာကို အရမ်းလေးစားမိပါတယ်။ဆန်အိတ်လေးထမ်းပြီး ပျော်ရွှင်စွာအိမ်ပြန်သွားခဲ့တဲ့ ရေသန့်ဘူးကောက်သူရဲ့ပုံရိပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T