အောက်စီဂျင်လိုအပ်နေတဲ့လူနာတွေကို အချိန်မီကယ်တင်နိုင်တော့မယ့် သတင်းကောင်းလေးတစ်ခု ပြောပြလာတဲ့ ခိုင်နှင်းဝေ

//s9.kh1.co/04/04f2427e8c5db30f8574ec9f6a54831232262d95.png
အနုပညာရှင်များ

 ၀၂-သြ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

..

လတ်တလော Covid တတိယလှိုင်းမှာ သေဆုံးသူများပြားလျက်ရှိပြီး ပြည်သူတွေဟာလည်း မိမိတို့ရဲ့ဘဝနေထိုင်မှုမှာ သတိကြီးစွာထားနေရတဲ့အနေအထားဖြစ်နေခဲ့ပါတယ်။ တကယ်တမ်း ဖြစ်လာခဲ့ရင်လည်း ကိုယ်ထူကိုယ်ထနည်းနဲ့ကြိုးစားရမှာဖြစ်ပြီး ပြည်သူအချင်းချင်း လက်တွဲကူရမယ့် အခြေအနေတွေနဲ့ရင်ဆိုင်နေခဲ့ရတာပါ။ ရောဂါဖြစ်ပွားသူအများစုဟာ အောက်စီဂျင်ကျတတ်တာကြောင့် အောက်စီဂျင်လှူဒါန်းသူတွေလည်းရှိနေပြီး ပြည်သူအချင်းချင်းကပဲ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဖြတ်သန်းနေကြရပါတယ်။ ရှုသွင်းရမယ့်လေကိုတောင် အပြည့်အဝ မရှုသွင်းနိုင်တဲ့အထိ ဝေဒနာခံစားနေရသူတွေအတွက် ကလေးတို့မေမေခိုင်နှင်းဝေဟာလည်း Oxygen Concentrator အိုးတွေမှာယူထားခဲ့ပြီး လတ်တလောအနေနဲ့ (၁၀) လုံးဝယ်ယူထားနိုင်ခဲ့ပြီး လိုအပ်နေသူတွေအတွက် ကူညီပေးမယ့်အကြောင်း ပြောပြလာခဲ့ပါတယ်။

Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc

နောက်ထပ်မှာယူထားတဲ့ Oxygen Concentrator အလုံး (၃၀) နဲ့ အောက်စီဂျင် 40L အိုး (၅၀) ဟာလည်း မကြာခင်ရောက်ရှိလာတော့မယ့်အကြောင်းပြောပြလာခဲ့ပါသေးတယ်။ ဒီစက်တွေကိုတော့ အသက် (၆၀) နဲ့အထက် နာတာရှည်ရောဂါအခံရှိသူတွေကိုအဓိကဦးစားပေးကူညီမယ်လို့လည်း အသိပေးခဲ့ပါသေးတယ်။ လတ်တလောမှာတော့ ဝယ်ယူလို့ရထားတဲ့စက်တွေနဲ့ အရေးပေါ်လူနာတွေကို ကူညီထားကြောင်းလည်း ပြောခဲ့ပါသေးတယ်။ လက်လှမ်းမီသလောက် ပရဟိတအလုပ်တွေကို ကြိုးကြိုးစားစားလုပ်နေတဲ့ ကလေးတို့မေမေရဲ့စိတ်စေတနာကတော့ တကယ်ကိုပြောမကုန်နိုင်အောင်ပါပဲ။ အဖက်ဖက်က လိုအပ်နေတဲ့ကွက်လပ်တွေကို ရသလောက်လိုက်ပြီး ဖြည့်ဆည်းပေးတဲ့စေတနာဟာ တကယ်ကို လေးစားထိုက်ပါတယ်။

Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc

သူမရဲ့ကြည်နူးစရာအလှူလေးအကြောင်းကို " ဝမ်းသာစရာလေးပါရှင်...ကြားဖြတ်အနေနဲ့ Oxygen Concentrator (10) လုံး ဝယ်လို့ရပါတယ်ရှင် မှာယူထားတဲ့ စက်အလုံး (၃၀) နှင့် 40l အိုး (၅၀) လည်း မကြာခင်ရောက်ရှိလာတော့မှာဖြစ်ပါတယ် ဒီကြားထဲ အရေးပေါ် လူနာများကို ဝယ်လို့ရသလောက်နဲ့ ကူညီပေးထားပါတယ် အသက် (၆၀) နှင့် အထက် နာတာရှည်ရောဂါအခံရှိသူများကို အဓိက ဦးစားပေး ကူညီပေးပြီး ကျန်ခဲ့သူများရှိခဲ့ပါကလည်း နားလည်ပေးကြပါရှင်...ယခု စက်တွေကတော့ ခုနှစ်ရက် သားသမီးများ အားလုံးရဲ့ တတိယအကြိမ် အောက်ဆီဂျင်အတွက် စုပေါင်း အလှူလေးလည်း ဖြစ်ပါတယ်ရှင်...??? " ဆိုပြီးဝေမျှပေးခဲ့ပါတယ်။ ဒီထက်မကတဲ့လှူဒါန်းမှုတွေမှာ အမြဲတမ်းပါဝင်နိုင်ပါစေ ကလေးတို့မေမေရေ။

Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc

သတင်း အရင်းအမြစ်Khine Hnin Wai's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T