ပြည်သူတွေ တင်မြှောက်ထားတဲ့ သမ္မတကြီးဦးဝင်းမြင့် အသက် (၆၉) နှစ်တွင် ဖြစ်လာမယ့် ကံဇာတာကို သေချာတွက်ချက်ပြီး ပြောပြလာတဲ့ ဗေဒင်ပညာရှင်တစ်ဦး

//s9.kh1.co/a6/a6c7c4006db1013b54f9c3787dd317aa0aa68386.jpeg
နေ့စဉ်သတင်းများ

 ၀၂-သြ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးဦးဝင်းမြင့်တို့ကို ဖေဖော်ဝါရီလ (၁) ရက်နေ့ကတည်းက နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ ပြည်သူတွေအားလုံးက သမ္မကြီးနဲ့ အမေစုတို့ရဲ့ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်နေကြတာ ဖြစ်ပါတယ်။မကြာသေးခင် နာရီပိုင်းလောက်ကလည်း လူမှုကွန်ယက်တွင် သမ္မတကြီးဦးဝင်းမြင့်နဲ့ ပတ်သက်တဲ့ ဟောစာတမ်းတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

ဒါကတော့ ဗေဒင်ဆရာမတစ်ဦးမှ ဟောထားတဲ့ ပြည်သူတွေ ရွေးချယ်တင်မြှောက်ထားတဲ့ သမ္မတကြီးဦးဝင်းမြင့်ရဲ့လက်ရှိကံဇာတာကို သေချာတွက်ချက်ပြီး ဝေမျှပေးလာတာ ဖြစ်ပါတယ်။ သမ္မတကြီး ဦးဝင်းမြင့်ဟာ အသက်(၇၀) ကနေ (၈၁) နှစ်အထိ ရာဇအရှိန်ရှိနေပါတယ်။ မြန်မာပြည်အတွက် အလုပ်တွေကို ဩဇာရှိစွာနဲ့ အောင်မြင်စွာလုပ်ဆောင်နိုင်မယ်လို့ သုံးသပ် ရေးသားထားပါတယ်။ သမ္မတကြီးဟာ အသက် (၆၈) နှစ်ကစပြီး အညံ့ပိုင်းထဲရောက်သွားတာကို တွေ့ရပါတယ်။ အသက် ၆၉ နှစ် ၈ လနဲ့ ၂၂ ရက် ဆိုရင်တော့ အဲ့အညံ့ကနေ လွတ်သွားပါပြီ၊ သမ္မတကြီးက တောက်လျှောက်ကို ကောင်းနေတာပါ အသက် (၈၀) ကျော်တဲ့အထိပါပဲလို့ သူမရဲ့ ဘဘဆရာမှ အသေအချာတွက်ချက်ပြီး ဟောထားကြောင်း ဝေမျှပေးလာခဲ့ပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader&nbsp;<br>
Photo Crd-Original Uploader 

လွန်ခဲ့တဲ့ကာလမှာ သမ္မတကြီး မတရားအဖမ်းဆီးခံနေရတာက ကံကောင်းသွားခဲ့ပါတယ်။ အခုလို အဖမ်းဆီးမခံခဲ့ရပါက ရောဂါကြီးတစ်ခုခုစွဲကပ်နိုင်တဲ့ ကံဇာတာပိုင်း ဖြစ်ပါတယ်။ ဖမ်းဆီးခံနေရတဲ့အတွက် ရောဂါကြီးဖြစ်မယ့်ဘေးက လွတ်ကင်းသွားတဲ့အတွက် ဘာသာရေးလုပ်ဖို့ အချိန်ပိုရသွားပြီး အကုသိုလ်လည်း ကင်းသွားကြောင်းဟောကြားထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူရွေးချယ်ထားသော မဲနဲ့တက်လာခဲ့တဲ့ သမ္မတကြီး ဦးဝင်းမြင့်ဟာ အသက် (၈၀) ကျော်အထိ အသက်ရှည်ပြီး မြန်မာနိုင်ငံအတွက် အလုပ်တွေကို ဆက်လုပ်ပေးနိုင်မှာကို တွေ့ရပါတယ်။ ပြည်သူတွေအားလုံး စိတ်မပူကြစေဖို့ ဒီဟောစာတမ်းကို ပြန်လည်ဝေမျှပေးခြင်းဖြစ်ကြောင်း ရေးသားပြောပြထားပါသေးတယ်။ ဒီလိုအခြေအနေမှာ ပြည်သူတွေ အချင်းချင်း ရိုင်းပင်းကူညီပြီး တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ဆောင်ရွက်ပေးကြဖို့နဲ့ ကိုဗစ်နဲ့ အာဏာရှင်လူတစ်စုကို အနိုင်ယူပြီး နေ့ရက်တိုင်း စိတ်ခွန်အားနဲ့ဖြတ်သန်းနိုင်ပါစေလို့ အားပေးစကားများ ရေးသား ထားပါတယ်။ အားလုံးလည်း ဗဟုသုတအနေနဲ့ ဖတ်ရှုလို့ရနိုင်စေဖို့ ဒီသတင်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။

Source and Photo Crd-Original Uploader 

Photo Crd-Original Uploader&nbsp;
Photo Crd-Original Uploader 
Photo Crd-Original Uploader&nbsp;
Photo Crd-Original Uploader 
Photo Crd-Original Uploader&nbsp;
Photo Crd-Original Uploader 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T