ရဲရဲရင့်ရင့်နဲ့ နောက်ဆုံးအချိန်ထိ အာဏာရှင်ကိုတွန်းလှန်ရင်း ဗဟင်းကျေးရွာတိုက်ပွဲမှာ ကျဆုံးသွားခဲ့ရတဲ့ မြိုင်PDFခေါင်းဆောင်ကိုဖိုးဌေး

//s9.kh1.co/37/376ba932827181dc553aa450449344b02544158b.jpg
နေ့စဉ်သတင်းများ

 ၀၂-သြ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ရဲရဲရင့်ရင့်နဲ့ နောက်ဆုံးအချိန်ထိ အာဏာရှင်ကိုတွန်းလှန်ရင်း ဗဟင်းကျေးရွာတိုက်ပွဲမှာ ကျဆုံးသွားခဲ့ရတဲ့ မြိုင်PDFခေါင်းဆောင်ကိုဖိုးဌေး

လက်နက်ကိုင်လမ်းစဥ်ကိုရွေးချယ်ပြီး စစ်ပညာသင်ကြားကာ အာဏာရှင်ကိုတွန်းလှန်နေတဲ့ ပြည်သူတွေလည်းရှိသလို သပိတ်တွေဆင်နွှဲပြီး အာဏာရှင်အလိုမရှိကြောင်း ဆန့်ကျင်ဆန္ဒပြနေတဲ့ ပြည်သူတွေလည်းရှိကြပါတယ်။ သြဂုတ်လ(၁)ရက်နေ့ မနေ့ကတော့ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်(PDF)နဲ့ စစ်ကောင်စီတပ်တို့ ဗဟင်းကျေးရွာမှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ် ။ အဆိုပါပစ်ခတ်မှုတွေကြောင့် မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ ကိုဖိုးဌေးတစ်ယောက် ကျဆုံးသွားခဲ့ရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder

ကိုဖိုးဌေးဟာ အသက်နဲ့ရင်းပြီး တိုင်းပြည်တာဝန်ကိုထမ်းဆောင်ရင်း အခုလိုကျဆုံးသွားခဲ့ရတာဖြစ်ပါတယ်။ တိုင်းပြည်အတွက် စွန့်လွှတ်အနစ်နာခံသွားတဲ့ ကိုဖိုးဌေးဟာ မြိုင်မြို့နယ် NLDအလုပ်အမှုဆောင်တစ်ယောက်ဖြစ်သလို အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြရာမှာလည်း မြိုင်မြို့သပိတ်ခေါင်းဆောင်တစ်ယောက်အဖြစ် ရပ်တည်ခဲ့သူဖြစ်ပါတယ်။ မတ်လ (၁၁)ရက် မြိုင်မြို့အကြမ်းဖက်ဖြိုခွင်းခံရပြီးချိန်မှာတော့ လက်နက်ကိုင်နည်းလမ်းနဲ့ တိုက်ထုတ်မှရမယ်ဆိုတဲ့ခံယူချက်နဲ့ ကိုဖိုးဌေးဟာ လက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ်ခဲ့ပြီး အာဏာရှင်ကို တိုက်ထုတ်ရင်း အခုလိုကျဆုံးသွားခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder

တိုင်းပြည်အတွက် တာဝန်ကျေပွန်လွန်းတဲ့ မြိုင်PDFခေါင်းဆောင်ကိုဖိုးဌေးတစ်ယောက် အခုလိုကျဆုံးသွားလို့ ပြည်သူတွေက ဝမ်းနည်းကြေကွဲပြီး စိတ်မကောင်းဖြစ်နေကြပါတယ်။ မြိုင်PDFကတော့ ခေါင်းဆောင်ဖြစ်သူကိုဖိုးဌေးကျဆုံးသွား​ပြီဖြစ်ကြောင်းကို အတည်ပြုထုတ်ပြန်ထားခဲ့ပါတယ်။ တိုင်းပြည်နဲ့လူမျိုးရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရင်း အသက်ပေးလိုက်ရတဲ့ မြိုင်PDFခေါင်းဆောင်ကိုဖိုးဌေးတစ်ယောက် ကောင်းရာဘုံဘဝသို့ ရောက်ရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်။

Source: Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T