ဖခင်သေဆုံးသွားလို့ အားကိုးမဲ့သွားရှာတဲ့ ကလေးသုံးယောက်ကို တိုက်ခန်းလေးငှါးပေးပြီး နေထိုင်စရာလေးစီစဉ်ပေးလိုက်တဲ့ ပုလဲအရန်မီးသတ်တပ်ဖွဲ့ရဲ့ဗီဒီယို

//s9.kh1.co/46/46acb95b2e32e8f22dedeee477c9bf38753f3079.jpeg
နေ့စဉ်သတင်းများ

 ၀၂-သြ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ဖခင်သေဆုံးသွားလို့ အားကိုးမဲ့သွားရှာတဲ့ ကလေးသုံးယောက်ကို တိုက်ခန်းလေးငှါးပေးပြီး နေထိုင်စရာလေးစီစဉ်ပေးလိုက်တဲ့ ပုလဲအရန်မီးသတ်တပ်ဖွဲ့ရဲ့ဗီဒီယို

ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးနေတဲ့ အဖွဲ့အစည်းများစွာထဲမှာ ပုလဲအရန်မီးသတ်တပ်ဖွဲ့ကလည်း ပါဝင်ကူညီနေတာဖြစ်ပါတယ်။ပုလဲအရန်မီးသတ်တပ်ဖွဲ့က တစ်ခုခုဆိုရင် ရှေ့ဆုံးကနေ အဆင်သင့်ရှိနေကြပြီးဒုက္ခရောက်နေသူတွေကိုလည်း အလှူရှင်တွေရဲ့စုပေါင်းအားနဲ့ ဝိုင်းဝန်းကူညီပေးနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း ဖခင်သေဆုံးသွားလို့ ခိုကိုးရာမဲ့နေတဲ့ ကလေးသုံးယောက်ကို ပုလဲအရန်မီးသတ်တပ်ဖွဲ့က စေတနာအပြည့်နဲ့လိုက်လံကူညီပေးနေတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကလေးသုံးယောက်ရဲ့ဖခင်ကတော့ လွန်ခဲ့တဲ့ (၁၃)ရက်ကျော်က ကိုဗစ် positive နဲ့ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။မောင်နှမသုံးယောက်ကတော့ ဖခင်ဖြစ်သူမရှိတော့လို့ ဘယ်သူ့ကိုအားကိုးရမှန်းမသိတဲ့အခြေအနေဖြစ်ပါတယ်။ဒီအခြေအနေကိုကြားသိရတဲ့ပြည်သူတွေကလည်း ပုလဲအရန်မီးသတ်ဆီမှာ အလှူငွေတွေထည့်ဝင်လှူဒါန်းကြပြီးကလေးတွေအဆင်ပြေပြေ နေထိုင်နိုင်အောင် ကူညီပေးကြတာဖြစ်ပါတယ်။ဒီနေ့မှာဆိုရင် ပုလဲအရန်မီးသတ်တပ်ဖွဲ့က ကလေးတွေနေထိုင်တဲ့နေရာဆီကို သွားရောက်ခဲ့ကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကလေးတွေရဲ့သဘောဆန္ဒအရ သူတို့နေချင်တဲ့တိုက်ခန်းလေးကိုလည်း ငှါးပေးခဲ့ကြပြီး နေထိုင်စားသောက်ဖို့အတွက် ငွေကြေးတချို့လည်း ပေးအပ်ခဲ့တာဖြစ်ပါတယ်။ကျန်နေသေးတဲ့အလှူငွေတွေကိုတော့ ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက စေတနာနဲ့သိမ်းဆည်းပေးထားတာဖြစ်ပါတယ်။ငွေလိုအပ်ခဲ့ရင်လည်း သူ့ဆီဖုန်းနဲ့ဆက်သွယ်ဖို့ အကြီးဆုံးကလေးကို မှာကြားခဲ့တာဖြစ်ပါတယ်။အားကိုးမရှိတော့တဲ့ ကလေးတွေကိုတစ်တပ်တစ်အားကူညီပေးကြတဲ့ အလှူရှင်တွေနဲ့ ပုလဲအရန်မီးသတ်တပ်ဖွဲ့ကို ကျေးဇူးတင်မိလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Photo Credit: Original Uploder 

Source&Video Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T