လိုင်းပေါ်မှာ မှားယွင်းစွာ ဖော်ပြနေကြတဲ့ တိုက်ပွဲအတွင်း ဖမ်းဆီးရမိသော လူအရေအတွက်ကို သက်သေနှင့်တကွ ဖြေရှင်းလိုက်တဲ့ KNU ရဲဘော်တစ်ဦး

//s9.kh1.co/d9/d9eb33c5e1438277cade5adfcefefbcc1f3c748e.jpeg
နေ့စဉ်သတင်းများ

 ၀၂-သြ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဩဂုတ်လ (၁) ရက်နေ့ မနက် (၁၀:၃၅) ဝန်းကျင်ခန့်က KNU တပ်မဟာ(၅) နယ်မြေတွင် ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အာဏာရလက်နက်ကိုင်အဖွဲ့အစည်းမှ အင်အား (၄၀၀) ခန့်မှ KNU တပ်မဟာ (၅) နယ်မြေအတွင်းမှ ပြည်သူတွေ နေထိုင်တဲ့ နေအိမ်များကို ပစ်ခတ်ခဲ့တဲ့အတွက် KNU မှ ရဲဘော်များမှ အင်အားနည်းပေမယ့်လည်း ရန်သူကို ပြန်လည်ခုခံတိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ အချင်းချင်း ပတ်ခတ်မှုတွေကြောင့် အာဏာရလက်နက်ကိုင်အဖွဲ့အစည်းမှ ရဲဘော်တော်တော်များများ အထိနာခဲ့ပြီး အင်အား (၃၀၀) ကျော်ဟာ ဒဏ်ရာများဖြင့်ဆုတ်ခွာထွက်ပြေးသွားကြတယ်လို့ ကနဦး သတင်းများအရ သိရှိရပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

KNU ဘက်မှ ရဲဘော်တစ်ဦးလည်း လက်ကို လက်နက်ကြီးစ ထိမှန်ခဲ့ပြီး စိုးရိမ်စရာမရှိကြောင်းကိုလည်း ကြားသိရပါတယ်။ မနေ့ကတိုက်ပွဲအတွင်း အာဏာရလက်နက်ကိုင်အဖွဲ့အစည်းမှ ရဲဘော် အယောက် (၅၀) ကျဆုံးခဲ့တယ်လို့လူမှုကွန်ယက်တွင် ပျံ့နှံ့နေခဲ့တာဖြစ်တာကြောင့် ဒီအခြေအနေနဲ့ ပတ်သက်ပြီး KNU မှ ရဲဘော်တစ်ဦးမှ သတင်းအမှန်ကို ပြန်လည်ဖြေရှင်းပေးခဲ့တာ ဖြစ်ပါတယ်။ တပ်မဟာ (၅) နယ်မြေတွင် ဖြစ်ပွားသော ထိတွေ့တိုက်ပွဲတွင် မီဒီယာများဖော်ပြနေသော အယောက် (၅၀) ကျော်ကျဆုံးဆိုတဲ့ သတင်းဟာ မှားယွင်းနေပါတယ်။ 

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

ရန်သူသုံ့ပန်း (၈) ယောက် ဖမ်းမိတာကတော့ သတင်းမှန်ဖြစ်ပြီး နောက်လိုက်အင်အား (၂၀) ကျော် ကျဆုံးတယ်ဆိုတာကလည်း မှန်ကန်ကြောင်း ရှင်းပြထားပါတယ်။ KNU ဘက်မှလည်း အထိအခိုက်အနည်းငယ်သာရှိခဲ့ကြောင်းကိုလည်း ရေးသား ပြောပြထားပါတယ်။ စစ်သတင်းကို အတိအကျရေးဖို့လိုအပ်ပြီး ချဲ့ကားပြီး ရေးလိုက်ပါကတပ်မဟာ လုံခြုံမှုမရှိတဲ့ ဒေသတစ်ချို့မှာ မလိုလားအပ်တဲ့ သတင်းအမှားတွေကြောင့် ပိုပြီး အဖိခံရနိုင်ရကြောင်းရှင်းပြထားတာပါ။ ပြည်သူတွေဘက်ကနေ ကာကွယ်တိုက်ခိုက်ပေးနေတဲ့ ရဲဘော်များအားလုံး ဘေးကင်းကျန်းမာပြီး တိုက်ပွဲတိုင်း အောင်ပွဲဆင်နိုင်ကြပါစေလို့ အားလုံးက ဆုတောင်းမေတ္တာပို့သပေးနေကြတာ ဖြစ်ပါတယ်။သတင်းအမှန်တွေကို ပြည်သူများ သိရှိကြစေဖို့အတွက် တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Original Uploader 

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T