အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့လို့ (၄)လကျော်ဖမ်းဆီးခံခဲ့ရပြီး ယနေ့မှာပြန်လည်လွတ်မြောက်လာတဲ့ ပင်းတယမီးအိမ်ရှင်ဒေါက်တာသန်းမင်းထွဋ်

//s9.kh1.co/4d/4dbc47dd724005846efe145e280b7e7c8ce53eb5.jpg
နေ့စဉ်သတင်းများ

 ၀၂-သြ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့လို့ (၄)လကျော်ဖမ်းဆီးခံခဲ့ရပြီး ယနေ့မှာပြန်လည်လွတ်မြောက်လာတဲ့ ပင်းတယမီးအိမ်ရှင်ဒေါက်တာသန်းမင်းထွဋ်

သြဂုတ်လ(၁)ရက်နေ့ မနေ့ကတော့ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ CDMလှုပ်ရှားမှုမှာ ပါဝင်ခဲ့လို့ ဖမ်းဆီးခံရတဲ့ ပြည်သူအချို့ကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားခဲ့ပါတယ်။ပြန်လွှတ်ပေးမယ့် ဖမ်းဆီးခံပြည်သူများစာရင်းတွင် ပင်းတယမီးအိမ်ရှင်ဒေါက်တာသန်းမင်းထွဋ်အပါအဝင် ဧရာဝတီတိုင်းက ပြည်သူအများအပြားပါဝင်ခဲ့ပါတယ်။ ယနေ့မှာတော့ CDMလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်(ပင်းတယမီးအိမ်ရှင်)ဟာ အကျည်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အာဏာသိမ်းမှုဖြစ်ပွားအပြီး ပုသိမ်ဆေးရုံတစ်ခုလုံးCDMပြုလုပ်ခဲ့သလို ဆေးရုံအုပ်ကြီးဖြစ်တဲ့ဒေါက်တာသန်းမင်းထွဋ်ဟာလည်း CDMမှာပါဝင်ခဲ့တာဖြစ်ပါတယ်။ပုသိမ်မြို့က ပြည်သူအများအပြားရဲ့ လေးစားချစ်ခင်ခြင်းကို ခံထားရတဲ့ ပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ်ဟာ CDMပြုလုပ်ခဲ့တာကြောင့် နိုင်ငံတော်ဆူပူရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ - (က)နဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဟာ မတ်လ(၁၂)ရက်နေ့က ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး သြဂုတ်(၂)ရက်နေ့ ယနေ့မှာတော့ အခုလိုပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ပြန်လည်လွတ်မြောက်လာပြီဖြစ်တဲ့ဒေါက်တာသန်းမင်းထွဋ်အတွက် ပုသိမ်ဒေသခံတွေနဲ့ ပြည်သူအများအပြားက ဝမ်းသာပျော်ရွှင်နေကြပါတယ်။ဒေါက်တာသန်းမင်းထွဋ်ရဲ့ FB Pageမှာတော့ " ပင်းတယ မီးအိမ်ရှင် ဆရာကြီး ဒေါက်တာ သန်းမင်းထွဋ်ကို ယနေ့ (၂၀၂၁)ဩဂုတ်လ (၂) ရက်နေ့ မနက် (၁၁)နာရီခန့်က ပုသိမ်မှာ အမှုပိတ်ပြီး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း အသိပေးအပ်ပါသည် "ဆိုပြီး ရေးသားထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်တဲ့ အပြစ်မဲ့ပြည်သူတွေလည်း ဘေးအန္တရာယ်ကင်းကင်းနဲ့ အမြန်ဆုံးပြန်လည်လွတ်မြောက်ပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ်။

Source: Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T