စိတ်ဓာတ်ကျပြီးအစားအသောက်မဝင်ရာကနေ အရမ်းကိုပိန်ကျသွားပြီး ကျန်းမာရေးလည်းဆိုးဝါးနေတဲ့ သရုပ်ဆောင်ကျော်စိုးရဲ့ လက်ရှိအခြေအနေ

//s9.kh1.co/8d/8db3b9edb363a36e2f7cbb2e50699d22b6d87dff.png
အနုပညာရှင်များ

 ၀၂-သြ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ဟာသဇာတ်ကားတွေနဲ့ ပရိသတ်တွေကိုပျော်ရွှင်မှုပေးခဲ့တဲ့ သရုပ်ဆောင်ကျော်စိုးဟာ လက်ရှိမှာတော့ အတော်လေးကိုဖျားနေပြီး အရင်ကတည်းက ကျန်းမာရေးမကောင်းတဲ့သူတစ်ယောက်ဖြစ်တာကြောင့် အရင်နဲ့လုံးဝမတူတော့ဘဲ အတော်လေးကို ပိန်ကျသွားခဲ့ပါတယ်။ အကျပ်အတည်းကာလတွေမှာလည်း အလုပ်လည်းမရှိတာကြောင့် စိတ်ဓာတ်တွေကျတဲ့အပြင် အာဟာရပါပြတ်သွားတာကြောင့် လွန်းခဲ့တဲ့တစ်လလောက်ကလည်း ဆေးရုံတင်ပြီး ဆေးကုသမှုခံယူထားရသူဖြစ်ပါတယ်။ ကျန်းမာရေးမကောင်းပေမယ့် ပရိသတ်တွေကို ပျော်ရွှင်အောင်လုပ်ပေးဖို့တော့ ဘယ်တုန်းကမှ မပျက်ကွက်ခဲ့ပါဘူး။

Photo Credit - Min Ta Khit's Fb Acc
Photo Credit - Min Ta Khit's Fb Acc

ကိုကျော်စိုးကိုသွားရောက်လှူဒါန်းပေးခဲ့တဲ့ အလှူရှင်တစ်ယောက်ကလည်း ကိုကျော်စိုးရဲ့ လက်ရှိအခြေအနေကို " ဒီညနေ သရုပ်ဆောင် ကိုကျော်စိုးအိမ်ကိုရောက်ဖြစ်ပါတယ် ရရှိထားတဲ့ အလှူငွေလေး သွားရောက်ပေးဖြစ်ပါတယ် ကိုကျော်စိုးက အတော်အဖျားတက်နေပါတယ် ရုပ်လည်း အတော်ကျနေတာ မြင်တဲ့အတိုင်းပါပဲ မြင်ရတာ တကယ်စိတ်ထဲမကောင်းဘူးဗျာ ကျွန်တော်လည်း တတ်နိုင်သလောက် အားပေးစကားပြောရင် လိုအပ်တာလေးတွေကူညီပေးခဲ့ပါတယ် ကျွန်တော်နဲ့အတူ မသန္တာရည်လွင် မခင်ပပ (ခ) အိမ်မက်ချို မဆန်းနဒီမောင်နှင့်မကြီးဖြူတို့မှ စုစုပေါင်း ကိုကျော်စိုးအတွက် ငွေ (၅၀၀၀၀) ကျပ်အား သွားရောက်ကူညီပေးခဲ့ပါတယ် " ဆိုပြီး ပြောပြလာခဲ့ပါတယ်။

Photo Credit - Min Ta Khit's Fb Acc
Photo Credit - Min Ta Khit's Fb Acc

ကိုကျော်စိုးကို စေတနာနဲ့လှူဒါန်းပေးချင်သူတွေအတွက်လည်း " လှူဒါန်းပေးသူများကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ် ဆက်လက်လှူဒါန်းလိုပါကလည်း ကျွန်တော့်ကို ဆက်သွယ်ပေး‌နိုင်ပါတယ် (09401667545) ဖုန်းမှာ K Pay, Wave Pay အကောင့်ကိုငွေလွှဲနိုင်သလို kBz, AYA Mobile Banking နဲ့ လှူလိုပါက Messenger မှာ အကောင့်နံပါတ်တောင်းယူနိုင်ပါတယ် ခင်ဗျာ " ဆိုပြီး အလှူခံပေးခဲ့ပါသေး တယ်။ ဒီလိုကာလတွေမှာ အချင်းချင်းဖေးမကူညီရင်း ဖြတ်ကျော်ကြရမှာမို့ အားလုံး အားတင်းထားကြဖို့ လိုအပ်ပါတယ်။ ခံစားနေရတဲ့ဝေဒနာတွေ အမြန်ဆုံးသက်သာပျောက်ကင်းပြီး ပရိသတ်တွေကို အရင်လိုပျော်စရာတွေဖန်တီးပေးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

Photo Credit - Min Ta Khit's Fb Acc
Photo Credit - Min Ta Khit's Fb Acc

သတင်း အရင်းအမြစ်Min Ta Khit's Fb Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T