တစ်လထဲမှာ မိသားစုဝင်(၃)ဦး ရှေ့ဆင့်နောက်ဆင့် တိမ်းပါးသွားတဲ့အတွက် ရင်ထဲမှာ ဗလောင်ဆူအောင် ခံစားနေရတဲ့ ဗီဗာဟိန်း

//s9.kh1.co/97/97884976b13e8f8382a2ee92dfb585b33ac034c5.jpeg
အနုပညာရှင်များ

 ၀၂-သြ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီကာလမှာ ကိုဗစ်ရောဂါကူးစက်မှုဒဏ်ကို လူကြီးလူရွယ်မရွေး ခံစားနေကြရတာ ဖြစ်ပါတယ်။ အမှတ်မထင် နေမကောင်းဖြစ်ရာမှစပြီး ဒီရောဂါဆိုးကြီးဟာ ခန္ဓာကိုယ်ထဲသို့ စတင်ဝင်ရောက်လာတာ ဖြစ်ပါတယ်။ ကိုဗစ်ရောဂါကပ်ဆိုးကြီးကို အဆုံးထိ တွန်းလှန်တိုက်ထုတ်ပြီး ပြန်လည်ကျန်းမာလာသူများလည်း ရှိသကဲ့သို့ အသက်ဆုံးရှုံးသူများလည်း ရှိနေကြောင်း စိတ်မကောင်းစွာဖြင့် မြင်တွေ့နေရပါတယ်။

Photo Crd-ဗီဗာဟိန်း's Facebook Account 
Photo Crd-ဗီဗာဟိန်း's Facebook Account 
Photo Crd-ဗီဗာဟိန်း's Facebook Account 
Photo Crd-ဗီဗာဟိန်း's Facebook Account 

မနေ့ကလည်း လူမှုကွန်ယက်တွင် ဝမ်းနည်းစရာသတင်းတစ်ခု ဝေမျှထားတာကို စိတ်မကောင်းစွာဖြင့် မြင်တွေ့ခဲ့ရပါတယ်။ ဒါကတော့ အဆိုတော် ဗီဗာဟိန်းရဲ့ အစ်ကို အဆိုတော် ရှိုင်းလင်းတစ်ယောက် ကိုဗစ်ရောဂါဖြင့် ဘဝတစ်ပါးသို့ ကူးပြောင်းသွားပြီဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ " ဗီဗာ့ အစ်ကိုကြီး  Rap အဆိုတော်ရှိုင်းလင်း(ခ)ရှိုင်းလင်းအောင် ၁နာရီမှာ ကွယ်လွန်သွားပါပြီ ??" ဆိုပြီး ဗီဗာဟိန်းရဲ့ လူမှုကွန်ယက်တွင် ဝမ်းနည်းစွာဖြင့် ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူမရဲ့ ဆုံးရှုံးမှုတွေကို မြင်ပြီး ဖြေသိမ့်စရာ စကားလုံးများ ရှာမတွေ့တော့တဲ့အထိ စိတ်မကောင်း ဖြစ်နေကြရတာ ဖြစ်ပါတယ်။

Photo Crd-ဗီဗာဟိန်း's Facebook Account 
Photo Crd-ဗီဗာဟိန်း's Facebook Account 
Photo Crd-ဗီဗာဟိန်း's Facebook Account 
Photo Crd-ဗီဗာဟိန်း's Facebook Account 

မကြာသေးခင် ရက်ပိုင်းလောက်ကလည်း ဗီဗာဟိန်းရဲ့ မိဘနှစ်ပါးစလုံး ကိုဗစ်ရောဂါဖြင့် နှစ်ရက်ပဲ ခြားပြီးရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ မိသားစုဝင်သုံးဦးစလုံး ဘဝထဲကနေ ရုတ်တရက် အပြီးတိုင်ခွဲခွာသွားတဲ့အတွက် ဗီဗာဟိန်းတစ်ယောက် ဖြေမဆည်နိုင်အောင်ကို ဝမ်းနည်းခံစားနေခဲ့ရတာ ဖြစ်ပါတယ်။ကွယ်လွန်သူ မိသားစုဝင် (၃) ဦးစလုံး ပြုလုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်တွေကြောင့် ကောင်းရာဘုံဘဝမှာ အေးချမ်းစွာ အနားယူနိုင်ကြပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-ဗီဗာဟိန်း's Facebook Account 

Photo Crd-ဗီဗာဟိန်း's Facebook Account 
Photo Crd-ဗီဗာဟိန်း's Facebook Account 
Photo Crd-ဗီဗာဟိန်း's Facebook Account 
Photo Crd-ဗီဗာဟိန်း's Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T