အခြေခံ လက်လုပ်လက်စား အယောက် (၅၀၀) နီးပါးအတွက် ကြက်ပဲဟင်းများကို ချက်ပြုတ်လှူဒါန်းနေတဲ့ ပုသိမ်မြို့က ပြည်သူတစ်ဦး

//s9.kh1.co/1d/1d933b2e6792be07a263ef2ed112da701cf58de5.jpeg
နေ့စဉ်သတင်းများ

 ၀၂-သြ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.....

ခုကာလမှာ အရာရာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရပေမယ့် ကိုယ်တတ်နိုင်တဲ့ နေရာတွေမှာတော့ ပြည်သူအချင်းချင်း ကူညီထောက်ပံ့မှုတွေ လုပ်ပေးနေကြဆဲပါ ။ ငွေအားတတ်နိုင်သူက လိုအပ်တဲ့ အရာတွေ လှူဒါန်းပေးနေကြသလို လုပ်အား တတ်နိုင်သူတွေကလည်း စေတနာမေတ္တာအပြည့်နဲ့ ကိုယ်ကျိုးစွန့်ကာ ပရဟိတ အလုပ်တွေကို ကူညီဆောင်ရွက်မှုတွေ ပြုလုပ်ပေးနေကြတာကို တွေ့ရပါတယ် ။

Photo Credit : Original Uploder 
Photo Credit : Original Uploder 
Photo Credit : Original Uploder 
Photo Credit : Original Uploder 

ဒါ့အပြင် ဒီရက်တွေ အတွင်းမှာဆိုရင် နေရာတော်တော်များများမှာ စားသောက်ကုန်တွေကို လူတန်းစားမရွေး ဝယ်ယူနိုင်ရန် ရည်ရွယ်ပြီး ဈေးနှုန်းအနည်းငယ်နဲ့ ရောင်းချပေးတာတွေ ၊ အခမဲ့ လှူဒါန်းတာတွေ လုပ်လာကြပါတယ် ။ တစ်ချို့ကြတော့လည်း ထမင်းဟင်း စတာတွေကို ချက်ပြုတ်ကာ လှူဒါန်း ဝေငှပေးလျက်ရှိတာကို ကြည်နူး ပီတိဖြစ်ရလောက်အောင် တွေ့ရပါတယ်  ။ 

Photo Credit : Original Uploder 
Photo Credit : Original Uploder 

ယနေ့ ဩဂုတ်လ (၂) ရက်နေ့ ဆိုရင်လည်း ပုသိမ်မြို့မှာ အခြေခံ လက်လုပ်လက်စား အယောက် (၅၀၀) နီးပါးအတွက် လူမျိုးဘာသာမရွေး စားသုံးနိုင်တဲ့ ကြက်ပဲဟင်းတွေကို ချက်ပြုတ် လှူဒါန်းပေးနေတာကို တွေ့ရပါတယ် ။ လာရောက် ယူဆောင်ကြသူတွေ များစွာတွေ့ ပြီး ခဏတာလောက်အဆင်ပြေသွားကြရင်ကို လှူဒါန်းသူရော လိုအပ်သူတွေပါ ကျေနပ်ပီတိဖြစ်စရာပဲ မဟုတ်လား ။ ပရိသတ်ကြီးအတွက် ကြက်ပဲဟင်းတွေကို လှူဒါန်းပေးနေတဲ့ အလှူပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ် ။

Photo Credit : Original Uploder 
Photo Credit : Original Uploder 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T