အခြေခံစားကုန်တွေအားလုံးကို ကြိုက်တာယူ (၁၀၀) ကျပ်နဲ့ ရောင်းချပေးနေတဲ့ မန္တလေးက ပြည်သူတစ်ဦးရဲ့ လေးစားဖွယ်လုပ်ရပ်

//s9.kh1.co/8d/8d0933496e200938ee32da4af28569e5251688ab.png
နေ့စဉ်သတင်းများ

 ၀၂-သြ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

အဆင်မပြေကြတဲ့အခြေခံလူတန်းစားတွေအတွက် ဘာယူယူ (၁၀၀) ဆိုပြီး ချစ်စရာကောင်းတဲ့ ရောင်းချမှုလေးတွေ နေရာတိုင်းလိုလိုမှာမြင်တွေ့ရတာ တကယ်ကိုပီတိဖြစ်စရာပါပဲ။ ဒီနေ့မှာလည်း မန္တလေးကပြည်သူတစ်ဦးဟာ တိုးတက်လာတဲ့ကုန်ဈေးနှုန်းတွေကြောင့် အဆင်မပြေဖြစ်နေကြတဲ့ အခြေခံလူတန်းစားတွေအတွက် အခြေခံစားကုန်တွေကို ဘာယူယူ (၁၀၀) ကျပ်တည်းနဲ့ ရောင်းချပေးနေခဲ့တာဖြစ်ပါတယ်။ ဒီလိုချစ်စရာကောင်းတဲ့ အလှူလေးတွေကြောင့် အဆင်မပြေတဲ့ အနေအထားတွေကို လွယ်လွယ်ကူကူကျော်ဖြတ်နိုင်သွားတဲ့မိသားစုတွေလည်းရှိနေခဲ့ပါတယ်။

Photo Credit - Ying Kham Nang Aom's FB Acc
Photo Credit - Ying Kham Nang Aom's FB Acc
Photo Credit - Ying Kham Nang Aom's FB Acc
Photo Credit - Ying Kham Nang Aom's FB Acc

ပြည်သူအချင်းချင်းလက်တွဲကူပြီးအခုလိုလုပ်ရပ်လေးတွေလုပ်ကြတာဟာ တစ်ယောက်နဲ့တစ်ယောက် အရင်ကထက်ပိုပြီး စည်းလုံးလာတဲ့သဘောကိုဆောင်နေပါတယ်။ တိုင်းပြည်ကအဖက်ဖက်က ချို့ယွင်းနေပေမယ့် ပြည်သူတွေရဲ့စိတ်ဓာတ်နဲ့ စည်းလုံးမှုကတော့ အရင်ကထက်ပိုပြီးခိုင်မာလာခဲ့ပါတယ်။ အဆိုးထဲကအကောင်းတွေလည်းရှိနိုင်သေးတာမို့ လက်ရှိရင်ဆိုင်နေရတဲ့ ကပ်ရောဂါဆိုးကြီးကိုလည်း ပြည်သူအားလုံးရဲ့စုပေါင်းအင်အားနဲ့ အနိုင်ပိုင်း တိုက်ထုတ်နိုင်မယ်ဆိုတာ အားလုံးကယုံကြည်နေကြပါ တယ်။

Photo Credit - Ying Kham Nang Aom's FB Acc
Photo Credit - Ying Kham Nang Aom's FB Acc
Photo Credit - Ying Kham Nang Aom's FB Acc
Photo Credit - Ying Kham Nang Aom's FB Acc

စေတနာသန့်သန့်နဲ့လှူဒါန်းပေးတဲ့မေတ္တာတွေကြောင့် လိုအပ်နေသူတွေအတွက် အများကြီးမပူပင်ရဘဲ အာဟာရရှိတဲ့ မိသားစုရဲ့ဟင်းပွဲလေးဖြစ်သွားခဲ့တာ တကယ်ကိုကြည်နူးစရာပါပဲ။ များလွန်းတဲ့ ဟင်းရွက်ပုံကြီးဟာ လိုအပ်နေသူတွေရဲ့လက်ထဲကို အလျိုလျိုရောက်ရှိသွားပြီး အချိန်ခဏလေးအတွင်း ကုန်သွားတာ တကယ်ကိုအားရကျေနပ်စရာပါပဲ။ ချစ်စရာကောင်းတဲ့ စိတ်ထားလေးတွေနဲ့ လေးစားလောက်ဖွယ်လှူဒါန်းမှုတို့ဟာ မြင်သူတိုင်းကို ပီတိမျက်ရည်ကျစေလောက်ပါတယ်။ ပြည်သူအားလုံးရင်ဆိုင်နေရတဲ့ အခက်အခဲ အကျပ်အတည်းတွေအားလုံး အချိန်မဆိုင်းဘဲ ပပျောက်သွားပါစေလို့ ဆုတောင်းပါတယ်။

Photo Credit - Ying Kham Nang Aom's FB Acc
Photo Credit - Ying Kham Nang Aom's FB Acc

သတင်း အရင်းအမြစ်Ying Kham Nang Aom's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T