ယနေ့၊နေ့လယ်(၁၂)နာရီတွင် အောက်ဆီဂျင်ရှူနေရင်း သားလေးရဲ့လက်ပေါ်မှာတင် ကွယ်လွန်သွားခဲ့တဲ့သရုပ်ဆောင်၊လူရွှင်တော်ဦးမေတ္တာ

//s9.kh1.co/a9/a91ed42f7ef68dc5dc5e3f3bb08123d9d9d72fb2.jpeg
အနုပညာရှင်များ

 ၀၂-သြ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ယနေ့၊နေ့လယ်(၁၂)နာရီတွင် အောက်ဆီဂျင်ရှူနေရင်း သားလေးရဲ့လက်ပေါ်မှာတင် ကွယ်လွန်သွားခဲ့တဲ့သရုပ်ဆောင်၊လူရွှင်တော်ဦးမေတ္တာ

လူရွှင်တော်၊သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဦးမေတ္တာကတော့ ပရိသတ်တွေကို သူ့ရဲ့အနုပညာစွမ်းရည်တွေနဲ့ဖျော်ဖြေတင်ဆက်ခဲ့တာဖြစ်ပါတယ်။ဦးမေတ္တာက ဇာတ်ကားပေါင်းများစွာမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး အငြိမ့်တွေမှာလည်း ပြက်လုံးများစွာနဲ့ ပရိသတ်တွေကို ရယ်မောစေခဲ့တာဖြစ်ပါတယ်။ဦးမေတ္တာရဲ့ မိသားစုဘဝလေးကလည်းပျော်ရွှင်စရာအပြည့်နဲ့တည်ဆောက်ထားပြီး တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတဲ့ မိသားစုလေးပဲဖြစ်ပါတယ်။

Photo Credit:Myittar Myint Myat Hein’s Fb acc

ဦးမေတ္တာရဲ့ သား မေတ္တာမြင့်မြတ်ဟိန်းကတော့ ဖခင်ရဲ့အနုပညာအမွေကိုဆက်ခံပြီး အနုပညာအလုပ်များစွာကိုလုပ်ကိုင်နေသူဖြစ်ပါတယ်။လက်ရှိအခြေအနေမှာဆိုရင် မေတ္တာမြင့်မြတ်ဟိန်းက ပရဟိတအလုပ်တွေမှာလည်းစွမ်းစွမ်းတမံပါဝင်ဆောင်ရွက်နေခဲ့ပါတယ်။ပြည်သူတွေကိုလည်း ကူညီပေးရင်း နေမကောင်းဖြစ်နေတဲ့ဖခင်ကိုလည်း ကြိုးကြိုးစားစား ပြုစုစောင့်ရှောက်ပေးတာဖြစ်ပါတယ်။ဒီနေ့ ဩဂုတ်လ (၂)ရက်နေ့၊နေ့လယ်(၁၂)နာရီမှာတော့ ဦးမေတ္တာကွယ်လွန်သွားတဲ့သတင်းကို စိတ်မကောင်းစွာကြားသိခဲ့ရပါတယ်။

Photo Credit:Myittar Myint Myat Hein’s Fb acc
Photo Credit:Myittar Myint Myat Hein’s Fb acc
Photo Credit:Myittar Myint Myat Hein’s Fb acc
Photo Credit:Myittar Myint Myat Hein’s Fb acc

ဦးမေတ္တာကတော့ အောက်ဆီဂျင်ရှူနေရင်းနဲ့ပဲ သားလေးရဲ့လက်ပေါ်မှာတင်  အသက်ဆုံးရှုံးသွားခဲ့တာဖြစ်ပါတယ်။ဦးမေတ္တာကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကလည်း အရမ်းဝမ်းနည်းနေကြသလို အနုပညာအသိုင်းအဝိုင်းနဲ့မိတ်ဆွေတွေကလည်း စိတ်မကောင်းဖြစ်နေရတာဖြစ်ပါတယ်။အနုပညာရှင်တွေထဲက တစ်ယောက်ပြီးတစ်ယောက်ကြွေလွင့်နေရတဲ့သတင်းတွေကို ကြားသိနေရပြီး ဒီနေ့မှာကွယ်လွန်သွားတဲ့ ဦးမေတ္တာအတွက်လည်း အရမ်းဝမ်းနည်းမိလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Myittar Myint Myat Hein’s Fb acc
Photo Credit:Myittar Myint Myat Hein’s Fb acc
Photo Credit:Myittar Myint Myat Hein’s Fb acc
Photo Credit:Myittar Myint Myat Hein’s Fb acc
Photo Credit:Myittar Myint Myat Hein’s Fb acc
Photo Credit:Myittar Myint Myat Hein’s Fb acc

Source&Photo Credit:Myittar Myint Myat Hein’s Fb acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T