ရုတ်တရက် အောက်ဆီဂျင်ကျသွားပြီး အသက်ရှူခက်ခဲလာတဲ့ လူနာတွေအတွက် လွယ်ကူရိုးရှင်းတဲ့ အသက်ရှူနည်းလမ်းတစ်မျိုးကို ပြန်လည်မျှဝေလာတဲ့ ချောရတနာ

//s9.kh1.co/cf/cff8792712cffd0e10a6729b87bfa4474c9c9139.jpg
အနုပညာရှင်များ

 ၀၂-သြ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

တစ်ကျော့ပြန် ဖြစ်ပွားလာခဲ့တဲ့ ဗီဇပြောင်းကိုဗစ်ရောဂါကြောင့် ကူးစက်နှုန်းနဲ့ သေဆုံးသူဦးရေဟာ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ ယခုအချိန်အခါက နိုင်ငံရေးအခြေအနေတွေကြောင့် ပြည်သူတွေဟာ နေအိမ်တွေမှာပဲ တတ်နိုင်သလောက် ကိုဗစ်ရောဂါကို ကုသနေကြရတာ ဖြစ်ပါတယ်။ ဒီလိုနေအိမ်တွေမှာ ကုသရင်း ပြည်သူတွေ ကြုံတွေ့နေရတာကတော့ အောက်ဆီဂျင်အိုးတွေ ၀ယ်ရတာသိပ်ခက်တဲ့အပြင် အလွယ်တကူမတာကြောင့် အောက်ဆီဂျင်ကျတဲ့ ကိုဗစ်လူနာတွေအတွက် အခက်အခဲတွေရှိလာခဲ့ပါတယ်။

Photo Credit - Chaw Yadanar fb account
Photo Credit - Chaw Yadanar fb account

တချို့မှာဆိုရင် အောက်ဆီဂျင်တွေထိုးကျပြီး အသက်ရှူကြပ်ကာ အသက်သေးဆုံးသွားကြတာကို လတ်တလောမှာ တွေ့မြင်နေရပါတယ်။ ဒီလို ရုတ်တရက် အောက်ဆီဂျင်ကျသွား လူနာတွေအတွက်လည်း အောက်ဆီဂျင် အမြန်ပြန်တက်အောင်လုပ်လို့ရတဲ့ နည်းလမ်းတွေကိုလည်း သိမြင်တတ်ကျွမ်းတဲ့ သူတွေကလည်း ပြန်လည် မျှဝေပေးကြတာ တွေ့မြင်ရပါတယ်။ ယခုမှာလည်း သရုပ်ဆောင် ချောရတနာရဲ့ လူမှုကွန်ယက်မှာ အောက်ဆီဂျင်ကျတဲ့သူတွေအတွက် အသက်ရှူနည်းလမ်းတစ်မျိုးကို ပြန်လည်မျှဝေလာတာ တွေ့ရပါတယ်။

Photo Credit - Chaw Yadanar fb account
Photo Credit - Chaw Yadanar fb account

ဒီအသက်ရှူနည်းလမ်းလေးကတော့ ဆရာမကြီး ဒေါက်တာဒေါ်မြင့်မြင့်စိန် ရဲ့ အောက်ဆီဂျင်ကျတဲ့ လူနာတွေအတွက် အကြံပြုထားတဲ့ နည်းလမ်းကောင်းလေးပဲ ဖြစ်ပါတယ်။ အောက်ဆီဂျင်အမြန်ပြန်တက်အောင် လုပ်လို့ရတဲ့ အခြားအသက်ရှူ နည်းလမ်းမျိုးစုံတွေရှိပေမယ့် ဒီနည်းလမ်းလေးကတော့ တကယ့် လွယ်ကူရိုးရှင်းတဲ့ အသက်ရှူနည်းလေးပါ။ ပရိသတ်တွေလည်း အရေးကြုံလာရင် ဒီနည်းလမ်းလေးကို လက်တွေ့အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး သိထားရအောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Dr. Myint Myint Sein
Photo Credit - Dr. Myint Myint Sein
Photo Credit - Dr. Myint Myint Sein
Photo Credit - Dr. Myint Myint Sein

သတင်း အရင်းအမြစ်Source - Dr. Myint Myint Sein

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T