ကပ်ရောဂါဘေးကြီးအတွက် အောက်စီဂျင်အိုးတွေ သိန်း (၅၅၀) ဖိုးခန့်လှူဒါန်းပေးခဲ့တဲ့ ပြင်ဦးလွင်က စေတနာရှင်မိသားစုရဲ့ ပြောင်မြောက်တဲ့ဒါန

//s9.kh1.co/df/df1a5027d19f473f816ebd20463291970dfafca9.png
နေ့စဉ်သတင်းများ

 ၀၂-သြ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

လတ်တလောမှာပြည်သူတွေကြုံတွေ့နေရတဲ့ အောက်စီဂျင်အခက်အခဲကို ငွေကြေးတတ်နိုင်သူတွေက အဆင်ပြေမယ့်နည်းလမ်းတွေအကုန်လုံးနဲ့ ဖြည့်ဆည်းလှူဒါန်းပေးနေကြတာ တကယ်ကိုပီတိဖြစ်စရာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကလည်း ပြင်ဦးလွင်မြို့က ရွှေဆိုင်တစ်ခုဟာ ပြင်ဦးလွင်မြို့သူမြို့သားတွေရဲ့ အောက်စီဂျင်အခက်အခဲတွေကိုမြင်တွေ့ပြီး စိတ်မကောင်းဖြစ်မိတာကြောင့် အောက်စီဂျင် 40L အိုး အလုံး (၂၀၀) ကာလတန်ဖိုး ကျပ်သိန်း (၅၅၀) ခန့် အကုန်အကျခံကာ လိုအပ်နေသူတွေအတွက် စေတနာအပြည့်နဲ့ လှူဒါန်းပေးခဲ့ပါတယ်။ ဒီလိုလှူဒါန်းမှုကြောင့် အသက်ပေါင်းများစွာကို ကယ်တင်နိုင်တော့မှာမို့ တကယ်ကိုဝမ်းသာစရာပါ။

Photo Credit - ဦးစိန်မောင် သား ဇော်မင်းဦး အဆင့်မြင့်ရတနာရွှေဆိုင်'s FB Acc

သူတို့ရဲ့ပီတိဖြစ်စရာအလှူလေးအကြောင်းကိုလည်း " ယခုလက်ရှိကျရောက်နေသော COVID -19 ကပ်ရောဂါကြောင့် ပြင်ဦးလွင်မြို့တွင်နေထိုင်သောမြို့သူ/မြို့သားများ၏ ကျန်းမာရေးအတွက် အောက်စီဂျင်အိုး(Oxygen)အများအပြားလိုအပ်လျက်ရှိပြီး မပြည့်စုံမှု့များကို စိတ်မကောင်းစွာ တွေ့မြင်နေရပါသည်။ ထို့ကြောင့်ဦးစိန်မောင် (သား) ဇော်မင်းဦးရွှေဆိုင်မိသားစုမှ မိမိတတ်စွမ်းနိုင်သလောက်ကြိုးစား၍ ပြင်ဦးလွင်မြို့အတွက် အောက်စီဂျင်အိုး (Oxygen) 40L ဆန့် ပစ္စည်းအစုံပါသော (အသစ်) အရေအတွက် (၂၀၀) တန်ဖိုး သိန်း (၅၅၀) ကျပ်ခန့်အား ရောင်းသူဝယ်သူ မိဘပြည်သူများနှင့်ကျွန်တော်များမိသားစုက ယနေ့လှူဒါန်း၍ ကုသိုလ်ပြုလိုက်ပါကြောင်း သာဓုခေါ်ဆိုနိုင်ရန်တင်ပြလိုက်ပါတယ်ခင်ဗျာ??????" ဆိုပြီးပြောပြလာခဲ့ပါတယ်။

Photo Credit - ဦးစိန်မောင် သား ဇော်မင်းဦး အဆင့်မြင့်ရတနာရွှေဆိုင်'s FB Acc
Photo Credit - ဦးစိန်မောင် သား ဇော်မင်းဦး အဆင့်မြင့်ရတနာရွှေဆိုင်'s FB Acc
Photo Credit - ဦးစိန်မောင် သား ဇော်မင်းဦး အဆင့်မြင့်ရတနာရွှေဆိုင်'s FB Acc
Photo Credit - ဦးစိန်မောင် သား ဇော်မင်းဦး အဆင့်မြင့်ရတနာရွှေဆိုင်'s FB Acc
Photo Credit - ဦးစိန်မောင် သား ဇော်မင်းဦး အဆင့်မြင့်ရတနာရွှေဆိုင်'s FB Acc
Photo Credit - ဦးစိန်မောင် သား ဇော်မင်းဦး အဆင့်မြင့်ရတနာရွှေဆိုင်'s FB Acc
Photo Credit - ဦးစိန်မောင် သား ဇော်မင်းဦး အဆင့်မြင့်ရတနာရွှေဆိုင်'s FB Acc
Photo Credit - ဦးစိန်မောင် သား ဇော်မင်းဦး အဆင့်မြင့်ရတနာရွှေဆိုင်'s FB Acc

ပြည်သူတွေရဲ့လိုအပ်ချက်တွေကို နောက်ပိုင်းမှာလည်း ထပ်ပြီးဖြည့်ဆည်းသွားမယ့်အကြောင်းကို " နောက်ထပ်လည်း လိုအပ်သောနေရာများတွင် ဆက်လက်လှူဒါန်းပေးသွားမှာဖြစ်ပါကြောင်းနှင့် ယခင်ကလည်း မြို့သူ/သားများ၏လိုအပ်သောပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ သာသနာရေးများတွင် လည်း စွမ်းစွမ်းတမံကူညီဆောင်ရွက်ပေးခဲ့ပါသည်။ ဦးစိန်မောင် (သား) ဇော်မင်းဦးရွှေဆိုင် ရွှေချစ်သူ မိဘပြည်သူများ နှင့်တကွ မြန်မာနိုင်ငံသူနိုင်ငံသားများ COVID-19ကပ်ရောဂါဆိုးကြီးမှ အမြန်ဆုံး လွတ်မြောက်ပါစေကြောင်း ဦးစိန်မောင် (သား) ဇော်မင်းဦးရွှေဆိုင် မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ် ပါတယ်ခင်ဗျာ ?????? " ဆိုပြီး ထပ်မံပြောပြခဲ့ပါသေးတယ်။ စေတနာကောင်းတဲ့ အလှူရှင်မိသားစု စိတ်ချမ်းသာကိုယ်ကျန်းမာပြီး ကပ်ရောဂါဘေးကြီးကနေလည်း လွတ်ကင်းပါစေလို့ ဆုမွန်ကောင်း တောင်းပါတယ်။

Photo Credit - ဦးစိန်မောင် သား ဇော်မင်းဦး အဆင့်မြင့်ရတနာရွှေဆိုင်'s FB Acc
Photo Credit - ဦးစိန်မောင် သား ဇော်မင်းဦး အဆင့်မြင့်ရတနာရွှေဆိုင်'s FB Acc
Photo Credit - ဦးစိန်မောင် သား ဇော်မင်းဦး အဆင့်မြင့်ရတနာရွှေဆိုင်'s FB Acc
Photo Credit - ဦးစိန်မောင် သား ဇော်မင်းဦး အဆင့်မြင့်ရတနာရွှေဆိုင်'s FB Acc
Photo Credit - ဦးစိန်မောင် သား ဇော်မင်းဦး အဆင့်မြင့်ရတနာရွှေဆိုင်'s FB Acc
Photo Credit - ဦးစိန်မောင် သား ဇော်မင်းဦး အဆင့်မြင့်ရတနာရွှေဆိုင်'s FB Acc
Photo Credit - ဦးစိန်မောင် သား ဇော်မင်းဦး အဆင့်မြင့်ရတနာရွှေဆိုင်'s FB Acc
Photo Credit - ဦးစိန်မောင် သား ဇော်မင်းဦး အဆင့်မြင့်ရတနာရွှေဆိုင်'s FB Acc

သတင်း အရင်းအမြစ်ဦးစိန်မောင် သား ဇော်မင်းဦး အဆင့်မြင့်ရတနာရွှေဆိုင်'s FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T