နာမည်နဲ့လိုက်အောင် လူတိုင်းအပေါ်မေတ္တာထားဆုံးမတတ်တဲ့ ဦးမေတ္တာနဲ့ ပတ်သက်တဲ့ အမှတ်တရတွေကို ဝမ်းနည်းစွာဖြင့် ပြောပြခဲ့ကြတဲ့ အနုပညာရှင်များ

//s9.kh1.co/f5/f518efaccf08549695b74e076dc238e72578c8f0.jpg
အနုပညာရှင်များ

 ၀၂-သြ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

နာမည်နဲ့လိုက်အောင် လူတိုင်းအပေါ်မေတ္တာထားဆုံးမတတ်တဲ့ ဦးမေတ္တာနဲ့ ပတ်သက်တဲ့ အမှတ်တရတွေကို ဝမ်းနည်းစွာဖြင့် ပြောပြခဲ့ကြတဲ့ အနုပညာရှင်များ

ယနေ့သြဂုတ်လ(၂)ရက်နေ့မှာတော့ ပရိသတ်တွေကိုရယ်မောပျော်ရွှင်စေခဲ့တဲ့ လူရွှင်တော်ဦးမေတ္တာတစ်ယောက် ဆုံးပါးကွယ်လွန်သွားခဲ့ပါတယ်။(၁၉၅၄)ခုနှစ် နိုဝင်ဘာလ (၈)ရက်မှာ ရန်ကုန်မြို့၌ မွေးဖွားခဲ့သူဖြစ်ပြီး ကွယ်လွန်ချိန်မှာအသက်(၆၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးမေတ္တာဟာ ဇနီးသည်ဖြစ်သူဒေါ်လွင်မီမီကိုနဲ့ သားသမီး(၂)ဦး ထွန်းကားခဲ့တာဖြစ်ပါတယ်။ အနုပညာရှင်အသိုင်းအဝိုင်းမှာလည်း လူချစ်လူခင်ပေါများသလို ပရိသတ်တွေရဲ့ အချစ်တော်လည်းဖြစ်ခဲ့တဲ့ ဦးမေတ္တာတစ်ယောက် အခုလိုဆုံးပါးသွားလို့ ပြည်သူတွေနဲ့အနုပညာရှင်တွေက အလွန်ကြေကွဲပြီး ခံစားနေရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ယခုမှာတော့ နယ်ပယ်ပေါင်းစုံက အနုပညာရှင်တွေဟာ နာမည်နဲ့လိုက်အောင် လူတိုင်းအပေါ်မေတ္တာထားပြီး ဆုံးမတတ်တဲ့ ဦးမေတ္တာနဲ့ ပတ်သက်တဲ့ အမှတ်တရတစ်ချို့ကို ဝမ်းနည်းစွာဖြင့်ပြောပြလာခဲ့ပါတယ်။အဆိုတော်အာဇာနည်ကတော့ ဆိုပျော်ပြိုင်ပွဲက ကလေးတွေကို သားသမီးအရင်းတွေလို ဆက်ဆံပြောဆိုတတ်တဲ့ ဦးမေတ္တာနဲ့ပတ်သက်တဲ့ အမှတ်တရလေးကို မေ့မရဖြစ်နေပြီး အခုလိုလူ့လောကကြီးကို စွန့်ခွာသွားလို့စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ လူရွှင်တော်ငြိမ်းချမ်းကလည်း ဦးမေတ္တာဆုံးပါးသွားတဲ့ သတင်းကို မယုံကြည်နိုင်ဖြစ်နေပြီး ရင်ထဲမချိအောင်ခံစားနေရကြောင်း ဖွင့်ဟထားခဲ့ပါတယ်။လူရွှင်တော်ကောင်းကျော်ကလည်း လွန်ခဲ့တဲ့(၁၀)ရက်လောက်ကမှ သူ့ကိုဖုန်းဆက်ပြီးဂရုစိုက်နော်လို့ သတိပေးခဲ့တဲ့ ဦးမေတ္တာက အခုလိုကွယ်လွန်သွားလို့ ဝမ်းနည်းနေခဲ့ပါတယ်။

Photo Credit:  zarni myonyunt ' s facebook acc 
Photo Credit:  zarni myonyunt ' s facebook acc 
Photo Credit: U Kaung Kyaw ' s Facebook Acc 
Photo Credit: U Kaung Kyaw ' s Facebook Acc 
Photo Credit: Nyein Chan ' s Facebook Acc 
Photo Credit: Nyein Chan ' s Facebook Acc 

ပန်းသော်တာကလည်း လူငယ်ကို လူငယ်လိုပေါင်းတတ်ပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်ကာ မေတ္တာစာလေးတွေအမြဲပို့ပေးတတ်တဲ့ သင်ဆရာဦးမေတ္တာတစ်ယောက် ကွယ်လွန်သွားလို့အရမ်းဝမ်းနည်းနေခဲ့ပါတယ်။ နီနီခင်ဇော်ကတော့ အမြဲဆုံးမစကား​တွေ​ပြော​ပေးခဲ့တဲ့ ဦးမေတ္တာရဲ့ စကားလေးတွေကို မှတ်သားထားကြောင်း ဝမ်းနည်းစွာနဲ့ဖွင့်ဟလာခဲ့ပါတယ်။ဝေဠုကျော်ကလည်း အတတ်နိုင်ဆုံး ကူညီပေးဖို့ ကြိုးစားပေမယ့် အသိနောက်ကျပြီး ကွယ်လွန်ခဲ့ရတဲ့ ဦးမေတ္တာအတွက် စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ မြတ်ကေသီအောင်ကတော့ လက်ဦးဆရာထဲမှာ ပါတဲ့ ဦးမေတ္တာအတွက် အလွန်ဝမ်းနည်းနေရကြောင်း လူမှုကွန်ယက်ထက်မှာ ရေးသားထားပါတယ်။

Source: celebrity ' sfacebook acc /page 

Photo Credit: NI Ni Khin Zaw ' s Facebook Acc 
Photo Credit: NI Ni Khin Zaw ' s Facebook Acc 
Photo Credit : Pann Thaw Thar ' s Faceboook Acc 
Photo Credit : Pann Thaw Thar ' s Faceboook Acc 
Photo Credit: Myat Kay Thi Aung ' sFacebook Acc 
Photo Credit: Myat Kay Thi Aung ' sFacebook Acc 
Photo Credit: wai lu kyaw foundation ' sfacebook page 
Photo Credit: wai lu kyaw foundation ' sfacebook page 
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T