ကြက်ဥများကို လူတန်းစားမရွေး ဝယ်ယူနိုင်အောင် မထင်မှတ်လောက်တဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးခဲ့တဲ့ ပြည်သူတစ်ဦး

//s9.kh1.co/35/351e7b176b32c4ba971d9178c62ce422fc3d088f.jpeg
နေ့စဉ်သတင်းများ

 ၀၂-သြ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.....

ခုကာလတွေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြည်သူအချင်းချင်း မကြည့်ရက်လို့ ကိုယ်တတ်နိုင်တဲ့ နေရာတွေကနေ ကူညီဖေးမလျက်ရှိကြပါတယ် ။ အခြေခံ လက်လုပ်လက်စား ပြည်သူတွေဆိုရင် ဒီလို အခြေအနေတွေမှာ အလုပ်တွေလည်း ရှားပါးနေတာကြောင့် စားဝတ်နေရေးအတွက် အတော်လေး အကြပ်တွေ့နေပြီး ခက်ခဲစွာ ရင်ဆိုင် ဖြေရှင်းနေကြရပါတယ် ။

Photo Credit : Original Uploader
Photo Credit : Original Uploader

ယခုလို အခြေအေနေဆိုးတွေကို မကြည့်ရက်တဲ့ စေတနာရှင် ပြည်သူတွေ ၊ ပရဟိတ အသင်းတွေက တတ်နိုင်သလောက် လှူဒါန်းမှုတွေ ပြုလုပ်ပေးလျက်ရှိပါတယ် ။ ဒါ့အပြင် ဈေးတတ်နေတဲ့ ကုန်ပစ္စည်းတွေကိုလည်း မထင်မှတ်ထားတဲ့ ငွေကျပ်နှုန်းတွေနဲ့ မည်သူမဆို ဝယ်ယူနိုင်အောင် ရောင်းချပေးခဲ့ပါတယ် ။ လာရောက် ဝယ်ယူကြသူတွေ ဆိုရင်လည်း ကလေး ၊လူကြီး မရွေး အများအပြားကို တွေ့ရပါတယ် ။

Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader

ယနေ့ လှိုင်သာယာမြို့နယ်မှာလည်း ကြက်ဥ (၁၀) လုံး ကို ငွေကျပ် နှစ်ရာကျပ်နှုန်းနဲ့  လက်လုပ်လက်စား ပြည်သူတွေ ဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့တာကိုတွေ့ရပါတယ် ။ ခုလို ရောင်းချတာ ဒုတိယ အကြိမ်မြောက်လို့လည်း သိရပါတယ် ။ ပရိသတ်ကြီးအတွက် လှိုင်သာယာမြို့နယ်မှာ ကြက်ဥတွေကို ဈေးသက်သက်သာသာနဲ့ ရောင်းချပေးနတဲ့ ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ် ။

Photo Credit : Original Uploader
Photo Credit : Original Uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T