မြဝတီကရေဘေးသင့်ပြည်သူတွေရဲ့ လတ်တလောဝမ်းရေးအတွက် ထမင်းဟင်းတွေလှူဒါန်းပေးခဲ့တဲ့ နေဝင်းနဲ့အိမ့်ချစ်ချော

//s9.kh1.co/a2/a2d8e09fb112b34f16588ea9b7fa04c2c468dbfd.png
အနုပညာရှင်များ

 ၀၂-သြ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

ပြီးခဲ့တဲ့ရက်ပိုင်းလောက်က မိုးသည်ထန်စွာရွာသွန်းမှုကြောင့် မြဝတီမြို့အပါအဝင် တခြားမြို့တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပါတယ်။ အိမ်ခြေတွေရေမြုပ်တဲ့အထိကိုဖြစ်ခဲ့ပြီး လူတော်တော်များများလည်း ဒုက္ခပင်လယ်ဝေခဲ့ရပါတယ်။ အခုလိုကာလကြီးမှာ စစ်ဘေးနဲ့ ကပ်ရောဂါဘေးအပြင် ရေဘေးကိုပါထပ်မံရင်ဆိုင်ရတဲ့ပြည်သူတွေအတွက်တော့ ဒုက္ခပေါ်ဒုက္ခဆင့်လိုက် သလိုပါပဲ။ စားဝတ်နေရေးအဆင်မပြေရတဲ့အချိန်မှာ ခိုလှုံစရာအိမ်လေးလည်း ရေမြုပ်သွားတာကြောင့် အဆင်မပြေဖြစ်နေတဲ့ ပြည်သူတွေအတွက် နေဝင်းနဲ့အိမ့်ချစ်ချောတို့ ဇနီးမောင်နှံနှစ်ယောက်ဟာ လူ (၂၀၀) စာအတွက် ထမင်းနဲ့ဟင်းတွေလှူဒါန်းပေးခဲ့ပါတယ်။

Photo Credit - Burmese Kyaw 's FB Acc
Photo Credit - Burmese Kyaw 's FB Acc
Photo Credit - Burmese Kyaw 's FB Acc
Photo Credit - Burmese Kyaw 's FB Acc
Photo Credit - Burmese Kyaw 's FB Acc
Photo Credit - Burmese Kyaw 's FB Acc
Photo Credit - Burmese Kyaw 's FB Acc
Photo Credit - Burmese Kyaw 's FB Acc

ဒီလိုအကျပ်အတည်းကာလတွေမှာ ပြည်သူနဲ့အတူရှိနေပေးပြီး ပြည်သူတွေရဲ့အခက်အခဲကို ကူညီဖြေရှင်းပေးတဲ့ အနုပညာရှင်တိုင်းကို ပြည်သူတွေက ရင်ထဲမှာသေသေချာချာမှတ်သားထားပြီး အရင်ကထက် ပိုချစ်ခင်အားပေးသွားမှာ အသေအချာပါပဲ။ ရေဘေးသင့်ပြည်သူတွေရဲ့ စိတ်မကောင်းစရာ အခိုက်အတန့်တွေကို အရသာရှိတဲ့ ထမင်းတစ်နပ်စားပြီး အနည်းနဲ့အများ ဖြေသိမ့်နိုင်ဖို့ မျှော်လင့်မိပါတယ်။ ဒုက္ခရောက်နေရတဲ့ဘဝတွေလည်း ထပ်ပြီးမရှိတော့ဘဲ အရာအားလုံးအေးချမ်းတဲ့ နိုင်ငံတော်ကြီးဖြစ်စေဖို့ အားလုံးကမျှော်လင့်နေကြပါတယ်။

Photo Credit - Burmese Kyaw 's FB Acc
Photo Credit - Burmese Kyaw 's FB Acc
Photo Credit - Burmese Kyaw 's FB Acc
Photo Credit - Burmese Kyaw 's FB Acc
Photo Credit - Burmese Kyaw 's FB Acc
Photo Credit - Burmese Kyaw 's FB Acc
Photo Credit - Burmese Kyaw 's FB Acc
Photo Credit - Burmese Kyaw 's FB Acc

နှစ်ယောက်သားရဲ့အလှူလေးကို " ရေဘေးသင့် မြဝတီမြို့သူ/မြို့သားများအတွက် အလှူတွေလုပ်ချင်လို့ ဆိုပြီး Cb ကနေဆက်သွယ်လာတဲ့ အဆိုတော် (ကိုနေဝင်း+မအိမ့်ချစ်ချော) နှင့်သူငယ်ချင်းများ အာဟာရဒါနကုသိုလ်အတွက် ထမင်းနှင့်ဟင်းလူအယောက် (၂၀၀) စာအတွက် ထမင်းဘူး စုစုပေါင်း-၂၁၀ ကို ချက်ပေးဖြစ်ပါတယ်ရှင်။ ကိုယ့်မြို့ကမဟုတ်ပေမယ့်လည်း ကိုယ်တွေမြို့လေးကို စားရေးသောက်ရေး စိတ်ပူပြီးလှူဒါန်းပေးတဲ့အတွက် မြဝတီမြို့သူ/မြို့သားများအားလုံးက ကျေးဇူးတင်ပါတယ်နော်။ ရေကျသွားပေမယ့် မီးကချက်ချင်းမရသေးဘူး နောက်ပြီးပြန်လည်ထူထောင်ရေးနဲ့သန့်ရှင်းရေးတွေ လုပ်နေရတာကြောင့် ကိုယ့်ဘာသာချက်စားလို့မရသေးတဲ့အခြေနေမှာအခုလိုလှူပေးတော့ အဆင်ပြေပါတယ်ရှင်???အလှူရှင် (ကိုနေဝင်း+မအိမ့်ချစ်ချော) နှင့်သူငယ်ချင်းများအားလုံး စိတ်ချမ်းသာလို့ကိုယ်ကျန်းမာပြီး ကောင်းကျိုးလိုအင်ဆန္ဒပြည့်ဝပါစေရှင်??? " ဆိုပြီး အာဟာရဒါနအတွက် ကူညီဖြည့်ဆည်းပေးသူက ဝေမျှခဲ့ပါတယ်။ ဒီထက်မကတဲ့လှူဒါန်းမှုတွေကို အကြိမ်ကြိမ်အခါခါ ပြုနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

Photo Credit - Burmese Kyaw 's FB Acc
Photo Credit - Burmese Kyaw 's FB Acc
Photo Credit - Burmese Kyaw 's FB Acc
Photo Credit - Burmese Kyaw 's FB Acc
Photo Credit - Burmese Kyaw 's FB Acc
Photo Credit - Burmese Kyaw 's FB Acc
Photo Credit - Burmese Kyaw 's FB Acc
Photo Credit - Burmese Kyaw 's FB Acc

သတင်း အရင်းအမြစ်Burmese Kyaw 's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T