ဒီကနေ့မှာလည်း နောက်ထပ်အနုပညာရှင်တစ်ယောက် ကွယ်လွန်သွားရှာပြန်ပြီဖြစ်တဲ့ ဝါရင့်ဇာတ်ပို့သရုပ်ဆောင် ဒေါ်ကြူ

//s9.kh1.co/27/271f6c765ae9cea0642880caccf7bf47d3ed1a47.jpg
အနုပညာရှင်များ

 ၀၂-သြ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီရက်ပိုင်းအတွင်းမှာ အနုပညာရှင်တချို့နဲ့ သူတို့ရဲ့မိသားစု၀င်တွေလည်း ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားကြတာကို စိတ်မကောင်းစွာ တွေ့မြင်ရပါတယ်။ ယခုမှာလည်း ဇာတ်ကားတော်တော်များများမှာ ကျရာဇာတ်ရုပ်တွေကို ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့  ဝါရင့်ဇာတ်ပို့ သရုပ်ဆောင်တစ်ယောက် ဒေါ်ကြူဟာ ဒီကနေ့ သြဂုတ်လ (၂) ရက်နေ့မှာ ထပ်မံကွယ်လွန်သွားခဲ့ကြောင်း အနုပညာမောင်နုမတွေရဲ့ ဖော်ပြချက်တွေအရ စိတ်မကောင်းစွာ ကြားသိရပါတယ်။

Photo Credit - ဒေါ်ကြူ
Photo Credit - ဒေါ်ကြူ

သရုပ်ဆောင် ဒေါ်ကြူဟာ သန်လျင်မှာ နေထိုင်တာဖြစ်ပြီး အနုပညာအလုပ်တွေ ရပ်နားထားတဲ့အချိန်မှာ စျေးရောင်းကာ ဘဝကိုအေးချမ်းစွာ လျှောက်လှမ်းနေတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။ ယခု ကွယ်လွန်ချိန်မှာတော့ အသက် (၅၇) နှစ်ရှိပြီလို့လည်း သိရပါတယ်။ ဒေါ်ကြူ ကွယ်လွန်သွားခဲ့ပြီဖြစ်ပေမယ့်လည်း သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာ အမြဲအမှတ်ရစေမှာတော့ အမှန်ပါ။

Photo Credit - ဒေါ်ကြူ
Photo Credit - ဒေါ်ကြူ

ဒီလို ဝါရင့်သရုပ်ဆောင် တစ်ယောက် ကွယ်လွန်သွားခဲ့တာကြောင့် အနုပညာလောကမှာ ဆုံးရှုံးမှုကြီးတစ်ခုလို့တောင် ပြောလို့ရပါတယ်။ ဒေါ်ကြူ ကွယ်လွန်သွားခဲ့တာကို ကြားသိရတဲ့ အနုပညာမောင်နုမတွေကလည်း နှမြောတသဖြစ်ပြီး များစွာစိတ်မကောင်းဖြစ်ကြတာ တွေ့ရပါတယ်။ ဝါရင့်သရုပ်ဆောင် ဒေါ်ကြူ တစ်ယောက် ကွယ်လွန်သွားခဲ့တာကြောင့် ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေနဲ့ထပ်တူ ဝမ်းနည်းရပြီး ကောင်းရာမွန်ရာ ရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit - ဒေါ်ကြူ
Photo Credit - ဒေါ်ကြူ
Photo Credit - Wai Lu Kyaw Foundation fb Page
Photo Credit - Wai Lu Kyaw Foundation fb Page

သတင်း အရင်းအမြစ်Source -Wai Lu Kyaw Foundation fb Page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T