ဖေဖော်ဝါရီ(၁) ရက်နေ့က ဖခင်ပြောတဲ့စကားလေးကို ပြန်လည်ကြားယောင်ရင်း ယူကြုံးမရအောင် ဝမ်းနည်းခံစားနေရတဲ့ ဦးဖိုးဌေးရဲ့ သမီး

//s9.kh1.co/a5/a56805a9a5df58e64b8c294df8aa225cd4e994d1.jpeg
နေ့စဉ်သတင်းများ

 ၀၃-သြ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ဩဂုတ်လ(၁) ရက်နေ့က မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနဲ့ အာဏာရလက်နက်ကိုင် အဖွဲ့အစည်းတို့ ဗဟင်းကျေးရွာမှာ အပြန်အလှန်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒီတိုက်ပွဲတွင် အဖွဲ့ခေါင်းဆောင် ဦးဖိုးဌေးဟာ PDF တပ်ဖွဲ့ဝင်များကို ကာကွယ်ရင်း ကျဆုံးသွားခဲ့ရပါတယ်။ ဩဂုတ်လ (၁) ရက်နေ့ညနေခင်းတွင် မြိုင်မြို့အနောက်ဘက် (၁၅) မိုင်ခန့်အကွာ ဗဟင်းကျေးရွာ ရဲစခန်းအရှေ့တွင် အာဏာရလက်နက်ကိုင်အဖွဲ့မှ တပ်သား (၂၀) ခန့်ရဲ့ နှစ်ဖက်ညှပ်ပိတ်ဆို့ ပစ်ခတ်မှုကို PDF အဖွဲ့ဝင်များ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

တိုက်ပွဲမှာ ကျဆုံးသွားတဲ့ မြိုင် PDF ခေါင်းဆောင် ဦးဖိုးဌေးဟာ တော်လှန်ရေးတိုက်ပွဲများတွင် ရရာလက်နက်စွဲကိုင်ပြီး တော်လှန်နေတဲ့ သူရဲကောင်းတစ်ဦး ဖြစ်ပါတယ်။ တန်ဖိုးရှိတဲ့ ခေါင်းဆောင်ကောင်းတစ်ဦး ကျဆုံးခဲ့ရတဲ့အတွက် ပြည်သူတွေအားလုံးက ဝမ်းနည်းစိတ်မကောင်း ဖြစ်နေကြရတာပါ။ မကြာသေးခင် နာရီပိုင်းလောက်က ဦးဖိုးဌေးရဲ့ သမီးဖြစ်သူရဲ့ လူမှုကွန်ယက်တွင် ဖေဖော်ဝါရီ(၁) ရက်နေ့က ဖခင်ပြောတဲ့စကားလေးကို ပြန်လည်ကြားယောင်ရင်း ယူကြုံးမရအောင် ဝမ်းနည်းခံစားနေရကြောင်း ရင်ဖွင့်ရေးသားထားတာ ဖြစ်ပါတယ်။ သူမရဲ့ဖခင်ဟာ၂၀၁၂ NLD ပါတီဝင်အဖြစ် ဆောင်ရွက်ကတည်းက မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးကိုသာ ဦးတည်ဆောင်ရွက်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ အများအကျိုးအတွက် လုပ်ဆောင်ခဲ့ပေမယ့်လည်း ဝေဖန်တိုက်ခိုက်ခံခဲ့ရတာတွေလည်း များစွာရှိကြောင်း ဝမ်းနည်းစွာဖြင့် ဖွင့်ဟလာပါတယ်။ 

https://s9.kh1.co/__image/w=650,h=427,q=100/15/157052c9b38585edab5821fee5ca2db28e8e70ea.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/0c/0c41bf996cbbf68946808e325378f2e819a4cea0.jpeg

ဖေဖော်ဝါရီ (၁) ရက် အာဏာသိမ်းစခံရတဲ့နေ့ကတည်းက " သမီးရေ ဖေဖေက အခုမှ တကယ့်နိုင်ငံရေးကိုလုပ်တာတကယ့်နိုင်ငံ့အရေးကို လုပ်တော့မှာ သမီးတို့ အဆုံးထိတွေးထားကြ" ဆိုပြီး သူမရဲ့ နဖူးလေးကို နမ်းရင်းပြောခဲ့ဖူးကြောင်း ဝမ်းနည်းစွာ ရေးသားထားပါတယ်။ အဲ့အချိန်ကတည်းက စပြီး အိမ်မှာမနေတော့ဘဲ တိမ်းရှောင်နေခဲ့ရပြီးသပိတ်တွေမှောက်၊ဆန္ဒတွေပြတော့လည်း ရှေ့ဆုံးကနေ မားမားမတ်မတ် ရပ်တည်ပြီး ပူးပေါင်းပါဝင်ခဲ့ပါတယ်။သူကိုယ်တိုင်လည်း သရဏဂုံတင်ထားပြီး အဆုံးထိတိုက်ပွဲဝင်မှာဖြစ်တဲ့အကြောင်းနဲ့ ခေါင်းဆောင်လုပ်နေပြီးရှေ့ကမထွက်ဘဲ မနေနိုင်ကြောင်း သမီးဖြစ်သူကို ပြောသွားခဲ့ပါတယ်။ ဩဂုတ်လ (၁) ရက်နေ့ တိုက်ပွဲမှာလည်းတစ်ယောက်တည်း ရန်သူကို ကာပစ်ရင်း ရင်ဘတ်ကိုထိပြီး ကျဆုံးသွားခဲ့ရပြီး နောက်ဆုံးချိန်အထိ သေနတ်ကို ရင်မှာပိုက်ထားကြောင်း စိတ်မကောင်းစွာဖြင့် ရေးသားထားပါတယ်။ ဖခင်ကို ဆုံးရှုံးလိုက်ရတဲ့အတွက် ယူကြုံးမရအောင် ဝမ်းနည်းနေပြီး PDF တပ်ဖွဲ့ဝင်များအားလုံးကိုလည်း သူမရဲ့ ဖခင်အတွက် ပိုပြီး တိုက်ပွဲဝင်ပေးကြပါလို့တောင်းဆိုထားတာ ဖြစ်ပါတယ်။ တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ဦးဖိုးဌေးလည်း ကောင်းရာဘုံဘဝမှာ အေးချမ်းစွာအနားယူနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Original Uploader 

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T