သူရဲကောင်းမသူသူဇင်လိုပဲ ရုပ်အလောင်းပြန်မရလို့ dead bodyမပါဘဲ ဝမ်းနည်းစွာပြုလုပ်ခဲ့ရတဲ့ ကိုစိုင်းရဲရင့်ရဲ့စျာပနအခမ်းအနား ဗီဒီယိုဖိုင်

//s9.kh1.co/06/06ff8bdf10a0e8116df48de671fb672efb9611ef.jpg
နေ့စဉ်သတင်းများ

 ၀၃-သြ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

သူရဲကောင်းမသူသူဇင်လိုပဲ ရုပ်အလောင်းပြန်မရလို့ dead bodyမပါဘဲ ဝမ်းနည်းစွာပြုလုပ်ခဲ့ရတဲ့ ကိုစိုင်းရဲရင့်ရဲ့စျာပနအခမ်းအနား ဗီဒီယိုဖိုင်

အခုရက်ပိုင်းအတွင်း စစ်အာဏာရှင်ကိုတွန်းလှန်ရင်း လူငယ်အချို့ ဖမ်းဆီးခံလိုက်ရသလို အချို့လူငယ်တွေဟာလည်း ကျဆုံးသွားခဲ့ရပါတယ်။ Julyလ(30)ရက်နေ့ကတော့ မြတောင်သပိတ်စစ်ကြောင်းအဖွဲ့မှ လူငယ်များနေထိုင်ရာနေရာသို့ အင်အားအလုံးအရင်းဖြင့် လာရောက်ပြီး ပစ်ခတ်ဖမ်းဆီးမှုတွေပြုလုပ်ခဲ့ကြပါတယ်။အဆိုပါပစ်ခတ်မှုကြောင့် အသက်(၂၀)နှစ်အရွယ်ရှိ လူငယ်လေးတစ်ဦး ဆီးခုံကျည်ထိမှန်ပြီး အသက်သေဆုံးသွားခဲ့ပါတယ်။ သေဆုံးသွားတဲ့ လူငယ်လေးရဲ့အမည်ကတော့ ကိုစိုင်းရဲရင့်ဖြစ်ပြီး ကျဆုံးသွားတဲ့ ကိုစိုင်းရဲရင့်ရဲ့ ရုပ်အလောင်းကို မိသားစုဝင်တွေထံပြန်လည်မပေးဘဲ ယူဆောင်သွားကြောင်း သိရှိရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

သြဂုတ်လ(၂)ရက်နေ့ မနေ့ကတော့ Dead Bodyမပါဘဲ စိုင်းရဲရင့်(ခ) မျိုးချစ်သူရဲ့ စျာပနအခမ်းအနားကို ရဲဘော်ရဲဘက်တွေက ပြုလုပ်ပေးခဲ့ကြပါတယ်။ နောက်ဆုံးအချိန်မှာတောင် သူရဲကောင်းကိုစိုင်းရဲရင့်ရဲ့ ရုပ်အလောင်းကို မြင်ခွင့်မရရှာဘဲ စျာပနအခမ်းအနားပြုလုပ်ခဲ့ရလို့ မိသားစုဝင်တွေနဲ့ မိတ်ဆွေအပေါင်းအသင်းတွေက ဝမ်းနည်းကြေကွဲနေကြပါတယ်။ အသက်ငယ်ပေမယ့် ရဲရင့်ပြတ်သားတဲ့ အာဇာနည်စိတ်ဓာတ်နဲ့ နောက်ဆုံးအချိန်ထိ တွန်းလှန်ရင်း ကျဆုံးသွားတဲ့ သူရဲကောင်း ကိုစိုင်းရဲရင့်ရဲ့ စျာပနအခမ်းအနားပုံရိပ်လေးတွေကို ကြည့်ပြီး ပြည်သူတွေက စိတ်မကောင်းဖြစ်နေကြကာ ကိုစိုင်းရဲရင့် တစ်ယောက် ကောင်းရာဘုံဘဝသို့ရောက်ရှိပါစေကြောင်း ဆုတောင်းပေးနေကြပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

သပိတ်အတူဆင်နွှဲခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေက အာဇာနည်ကိုစိုင်းရဲရင့်ရဲ့ စျာပနအခမ်းအနားပြုလုပ်ရင်း အမိန့်ပြန်တမ်းဖတ်ခြင်းကိုပါ လုပ်ဆောင်ခဲ့ကြပါတယ်။ မကြာခင်ရက်ပိုင်းကလည်း မြတောင်သပိတ်ဆင်နွှဲရင်း  ပစ်ခတ်ခံရလို့ ကျဆုံးသွားတဲ့ သူရဲကောင်းမသူသူဇင်ရဲ့ စျာပနအခမ်းအနားကိုလည်း Dead Bodyမပါဘဲ ပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။ တိုင်းပြည်အတွက် အသက်ပေးသွားတဲ့ သူရဲကောင်းကိုစိုင်းရဲရင့်အတွက် အမိန့်ပြန်တမ်းဖတ်ခြင်းပြုလုပ်ခဲ့ကြတဲ့ ဗီဒီယိုဖိုင်လေးကို စိတ်မကောင်းစွာနဲ့ ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source:  Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T