မြန်မာမူစလင်အသင်းမှ ပစ္စည်းအစုံပါအောက်ဆီဂျင်အိုးများကို ပြည်သူတွေအတွက်ဈေးသက်သာစွာနဲ့ရောင်းချပေးသွားမည့်အကြောင်း

//s9.kh1.co/81/8133f865a0e6118b6c62c6b8cd4cedf369c2e223.jpg
နေ့စဉ်သတင်းများ

 ၀၃-သြ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလောမှာ မြန်မာပြည်သူတွေဟာ အာဏာရှင် ဖိနှိပ်မှုဒဏ်တွေကို ခံစားနေရတဲ့ ကြားကနေ တစ်ကျော့ပြန်ဖြစ်ပွားလာတဲ့ ကိုဗစ်ရောဂါကိုလည်း ဒုက္ခမျိုးစုံဖြင့် အလူးအလဲခံစားနေရတာကို တွေ့ရပါတယ်။ ကိုဗစ်ကူးစက်ခံရသူအတော်များများဟာ အောက်ဆီဂျင်ကျတဲ့‌ဒဏ်ကိုခံစားရပြီး အောက်ဆီဂျင်မရှူရပါက အသက်သေဆုံးတဲ့အထိအခြေအနေဆိုးရွားနေတာဖြစ်ပါတယ်.....။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

အခုလိုအရေးပေါ်အောက်ဆီဂျင်လိုအပ်နေမှုတွေကြောင့် အောက်ဆီဂျင်အိုး၀ယ်ယူသူတွေလည်းများပြားလာနေပြီး အောက်ဆီဂျင်ရရှိဖို့အတွက် နေပူမရှောင် မိုးရွာမရှောင်တန်းစီနေရတဲ့ ပြည်သူတွေလည်းအများအပြားတွေ့မြင်နေရတာဖြစ်ပါတယ်။ အခုလိုဈေးကွက်မှာ အောက်ဆီဂျင်လိုအပ်နေမှုတွေများလာတာနဲ့အမျှ ဈေးတွေလည်း အဆမတန်မြင့်တက်လာနေပြီး ချို့တဲ့ပြည်သူတွေမှာလည်း အခက်အခဲတွေနဲ့ကြုံတွေ့နေကြရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

အခုလိုအောက်ဆီဂျင်အိုးတွေ ဈေးတင်ရောင်းမှုမရှိစေရန်အတွက် မြန်မာမူစလင်အသင်းကသူတွေဟာ ပစ္စည်းအစုံအလင်ပါအောက်ဆီဂျင်အိုးတွေကို ဈေးသက်သာစွာနဲ့ရောင်းချပေးတော့မည်ဖြစ်ကြောင်းသိရှိရပါတယ်။ ယခုလိုအောက်ဆီဂျင်ရောင်းချပေးမည့်အစီအစဉ်အတွက် အွန်လိုင်းမှလျှောက်လွှာများခေါ်ယူခဲ့ပြီး လျှောက်ထားသူတွေအများအပြားရှိခဲ့တယ်လို့သိရပါတယ်။ လူတစ်ဦးလျှင်တစ်လုံးသာရောင်းချပေးမည်ဖြစ်ပြီး ပရဟိတအသင်းတွေနဲ့ ဘာသာရေးဆိုင်ရာကူညီရေးအသင်းတွေကိုတော့ နှစ်လုံးနှုန်းရောင်းချသွားမှာဖြစ်တယ်လို့သိရပါတယ်....။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T