နေရာအနှံ့အပြားတွင် တော်လှန်ရေးတိုက်ပွဲတွေ မဖြစ်သေးတဲ့ အဓိကအကြောင်းရင်းများကို ထုတ်ဖော်ပြောပြလာတဲ့ ရဲဘော်တစ်ဦး

//s9.kh1.co/4f/4f3b21024c62ba6396d29a5598b2d57088961d60.jpeg
နေ့စဉ်သတင်းများ

 ၀၃-သြ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

အခုရက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အချို့နေရာများတွင်တိုက်ပွဲတွေ ဖြစ်ပွားနေသလို PDF ရဲဘော်တွေလည်းဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေ ဖြစ်နေပေမယ့်လည်း သတင်းတွေဟာ အရင်လိုအပြည့်အစုံကြားသိရခြင်း သိပ်မရှိတော့ဘဲ တိမ်မြုပ်နေတာ ဖြစ်ပါတယ်။ အခုလို အနေအထားဖြစ်နေရခြင်းမှာအာဏာရှင်လူတစ်စုက သတင်းတွေ တက်မလာအောင် နည်းမျိုးစုံသုံးပြီး လုပ်ဆောင်နေတာဖြစ်တယ်လို့လွတ်မြောက်နယ်မြေရောက် ရဲဘော်တစ်ဦးမှ သူ့ရဲ့လူမှုကွန်ယက်တွင် ရေးသားမျှဝေထားပါတယ်။ ဒါ့အပြင် နေရာအနှံ့အပြားတွင် တော်လှန်ရေးတိုက်ပွဲတွေ မဖြစ်ရသေးတဲ့ အဓိကအကြောင်းအရင်းကိုလည်း အခုလို ရေးသားပြောပြထားပါသေးတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

အခုချိန်တွင် အာဏာရှင်လူတစ်စုဟာ အစိုးရအဖွဲ့အမည်ခံနေချိန်မှာ ပြည်သူတွေကို အာရုံလွှဲအောင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ PDF တွေ အခက်အခဲဖြစ်နေချိန်မှာ သတင်းတွေ ဖုံးလွှမ်းအောင် နည်းအမျိုးမျိုးဖြင့်အာရုံပြောင်းနေတာ ဖြစ်ပါတယ်။ တော်လှန်ရေးတွင် အမှိုက်တွေကို သတိထားရမှာဖြစ်ပြီး အာဏာရှင်လူတစ်စုရဲ့ထောင်ချောက်ထဲသို့ တိုးမဝင်ကြဖို့ သတိပေးထားတာ ဖြစ်ပါတယ်။ တော်လှန်ရေးအတွက် အနှောင့်အယှက်ဖြစ်လာရင် အများသိအောင် ဖော်ထုတ်ရမှာဖြစ်ပြီး  လူမုန်းမှာ ကြောက်နေစရာမလိုကြောင်းကိုလည်း ရေးသားထားပါတယ်။ အဓိကအရေးကြီးဆုံးကတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို အတတ်နိုင်ဆုံး ထောက်ပံ့ကူညီပေးဖို့ဖြစ်ကြောင်း ပြောပြထားပါသေးတယ်။ 

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

အရေးတော်ပုံ အောင်ရမည်တို့ Fighting တို့ အော်နေရုံနဲ့ PDF ရဲဘော်တွေ အာဟာရပြည့်ပြီး နှီးကို လက်နက်လုပ်ပြီးလူယုတ်မာတွေကို တိုက်နေလို့မရတာကြောင့် PDF လူငယ်လေးတွေကို တတ်နိုင်သလောက် ထောက်ပံ့လှူဒါန်းပေးကြဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။ အခြားအာရုံပြောင်းနေတာတွေ ပေါ်ပင်တွေကို လိုက်လှူနေမယ့်အစားNUG အစိုးရ ပြည်သူ့ကာကွယ်ရေးတပ်အတွက် အဓိကထား ထောက်ပံ့ လှူဒါန်းပေးကြဖို့ လိုအပ်လှပါတယ်။ PDF တွေမှာ လိုအပ်ချက်တွေ များနေသေးတဲ့အတွက် D-Day အမြန်ဆုံး မခေါ်နိုင်သေးတာဖြစ်ကြောင်းကိုလည်းရေးသားဝေမျှထားပါတယ်။ တော်လှန်ရေးတိုက်ပွဲများအတွက် ကြိုးစားပေးနေကြတဲ့ လူငယ်လေးတွေဟာ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် တောထဲမှာ ပင်ပန်းအဆင်းရဲခံပြီး နေထိုင်နေကြရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အရေးတော်ပုံအမြန်ဆုံးအောင်မြင်ဖို့အတွက် ဒီ့ထက်ပိုပြီး အားစိုက်ဖို့လိုကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို တတ်နိုင်သလောက် ထောက်ပံ့လှူဒါန်းပေးကြပါလို့ ပြောကြားရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Original Uploader 

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T