Dead Body တွေသွားမသယ်ခင်မှာ အောင်ဆီဂျင်ကျနေတဲ့ လူနာတစ်ဦးရဲ့ ဝါဆိုသင်္ကန်းကပ်လှူခြင်းကို လက်ခံခဲ့တဲ့ဘုန်းဘုန်းတစ်ပါးရဲ့ဗီဒီယို

//s9.kh1.co/f0/f0aecb86134ad48c367cfa1d6e781362210e854d.jpeg
နေ့စဉ်သတင်းများ

 ၀၃-သြ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

Dead Body တွေသွားမသယ်ခင်မှာ အောင်ဆီဂျင်ကျနေတဲ့ လူနာတစ်ဦးရဲ့ ဝါဆိုသင်္ကန်းကပ်လှူခြင်းကို လက်ခံခဲ့တဲ့ဘုန်းဘုန်းတစ်ပါးရဲ့ဗီဒီယို

အခုနောက်ပိုင်းမှာတော့ ပြည်သူလူထုက ကိုဗစ်ကူးစက်ရောဂါကို စိတ်ဓာတ်ခိုင်မာခြင်းနဲ့ တွန်းလှန်တိုက်ထုတ်နေတာပဲဖြစ်ပါတယ်။ဒါ့ကြောင့် ကိုဗစ်လူနာတွေထဲမှ အသက်(၈၀)ကျော်၊(၉၀)ကျော်စတဲ့ အဘိုး၊အဘွားတွေလည်းပြန်လည်ကောင်းမွန်လာတာကို ကြားသိရပါတယ်။မိမိတို့မိသားစုဝင်တွေထဲမှာ ကိုဗစ်လူနာရှိတဲ့အခါ အိမ်သားတွေကလည်း ထိုင်ပြီးစိတ်ညစ်မနေဘဲ အာဟာရပြည့်အောင်ချက်ပြုတ်ကျွေးမွေးကာ လူနာကိုလည်း စိတ်ချမ်းသာပျော်ရွှင်အောင်ထားပေးကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒီကာလမှာဆိုရင် ပြည်သူလူထုက အချင်းချင်းအားပေးကူညီကြပြီး အေးအတူ၊ပူအမျှ မျှဝေခံစားနေကြတာပဲဖြစ်ပါတယ်။ပြည်သူတွေက လူတစ်ဦးသေဆုံးသွားခဲ့ရင်လည်း ကျန်ရစ်သူမိသားစုနဲ့ထပ်တူ ဝမ်းနည်းရသလို ရောဂါသက်သာလာခဲ့ရင်လည်း ဝမ်းသာပျော်ရွှင်နေကြတာဖြစ်ပါတယ်။ပရဟိတအဖွဲ့အစည်းတွေဆိုရင်လည်း မိမိတို့ရဲ့ကိုယ်ကျိုးကိုစွန့်လွှတ်ပြီး ပြည်သူတွေအတွက် အဆင်သင့်ရှိပေးနေကြတာဖြစ်ပါတယ်။ဘုန်းဘုန်းတစ်ပါးဆိုရင်သင်္ကန်းပေါ်မှာ PPE ထပ်ဝတ်ပြီးတော့တောင် လူသားတွေအပေါ်မေတ္တာထားပြီးကူညီနေတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဘုန်းဘုန်းကတော့ နေ့စဉ်၊နေ့တိုင်း Dead Body တွေသွားသယ်နေရပေမယ့် မမောမပန်းဘဲ ပရဟိတအလုပ်တွေလုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။ဘုန်းဘုန်းက အလောင်းသယ်ပေးသလို သေဆုံးသူအိမ်မှာလည်း သက်ပျောက်၊မြေချကုသိုလ်လည်းပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ဒီနေ့မှာတော့ ဘုန်းဘုန်းက Dead Body တွေသွားမသယ်ခင်မှာအောင်ဆီဂျင်ကျနေတဲ့လူနာတစ်ဦးရဲ့ ဝါဆိုသင်္ကန်းကပ်လှူခြင်းကို လက်ခံခဲ့တာဖြစ်ပါတယ်။ဘုန်းဘုန်းရဲ့ စေတနာ၊မေတ္တာအပြည့်နဲ့ အလှူလက်ခံနေတဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Photo Credit: Original Uploder 

Source&Video Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T