ချီတက်လာရာလမ်းတစ်လျှောက်မှာ ရွာတိုင်းကကြိုဆိုကြပြီး အားပေးကြတာကြောင့် ပီတိဖြစ်နေကြတဲ့ PDFလူငယ်လေးများ

//s9.kh1.co/45/45e919ea5afeadfcebc580277fdae48a3b6e63f3.jpg
နေ့စဉ်သတင်းများ

 ၀၃-သြ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

နိုင်ငံရေးအခြေအနေအကြပ်အတည်းတွေကြောင့် Gen Zလူငယ်လေးတွေဟာ လွတ်မြောက်နယ်မြေမှာသွားရောက်ခိုလှုံကြရင်း "ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF" အတွက် စစ်ပညာသင်ယူနေကြတာဖြစ်ပါတယ်။ အခုလို မိသားစုနဲ့ခွဲခွာပြီး တောတောင်တွေထဲမှာ စစ်ပညာသင်ယူနေကြရတဲ့ လူငယ်လေးတွေမှာလည်း အိမ်ကိုလွမ်းဆွတ်သတိရကြသလို ပင်ပန်းဆင်းရဲဒုက္ခတွေနဲ့လည်း တွေ့ကြုံခံစားရတာကိုတွေ့ရပါတယ်......။

Photo credit-Original Uploader
Photo credit-Original Uploader

တောထဲမှာ အခုလိုပင်ပင်ပန်းပန်းနဲ့စစ်ပညာသင်ယူနေရတာဟာ တကယ်ကိုမလွယ်ကူလှတဲ့ ကိစ္စတစ်ရပ်ပါ။ မိုးတွင်းကာလလည်းဖြစ်တဲ့အတွက် တောင်ကျရေတွေရဲ့အန္တရာယ်လည်းကြုံရသလို အစားအသောက်ရှားပါးမှုဒဏ်နဲ့ ငှက်ဖျား၊တုပ်ကွေးစတဲ့ ရောဂါဒဏ်တွေကိုလည်း အလူးအလဲခံစားနေရကြဝာာဖြစ်ပါတယ်။ အခုလိုအခက်အခဲတွေမျိုးစုံရှိနေပေမယ့်လည်း PDFလူငယ်လေးတွေဟာ အာ‌ဏာရှင်ကိုတော်လှန်ဖို့အတွက် စိတ်အားထက်သန်နေပြီး စစ်ပညာကြိုးစားသင်ယူနေကြတာဖြစ်ပါတယ်နော်.....။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

မကြာသေးခင်ကလည်း PDFလူငယ်လေးတစ်ဦးဟာ စစ်ကြောင်းချီတက်လာရင်း ‌တွေ့ကြုံရတဲ့ကြည်နူးစရာအဖြစ်အပျက်လေးကိုမျှဝေလာပါတယ်။ "အခုချိန်မှာတော့ ပြည်သူလူထုက မျှော်လင့်ထားတဲ့အတိုင်း %အပြည့်တော့မဟုတ်သေးဘူးပေါ့အတိုင်းတာ တစ်ခုတော့ ရောက်နေပါပြီ
ရွာတိုင်းကလည်းကြိုဆို ? အားပေးကြတယ်?? #အခြေနေပေးရင်တော့ဆော်မှာဘဲ☠️?...." ဆိုပြီးရေးသားမျှဝေထားခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T