သေဆုံးသူ အလောင်းတွေရဲ့ ပစ္စည်းများကို ဘယ်သူမှ မပစ်ပေးချင်ကြလို့ အစအဆုံးလုပ်ပေးနေရကြောင်း ရင်ဖွင့်ပြောပြလာတဲ့ ပရဟိတ ပြည်သူတစ်ဦး

//s9.kh1.co/8e/8e42fd2758dfcfa2044dfbd91ca3c26b0d607707.jpeg
နေ့စဉ်သတင်းများ

 ၀၃-သြ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

......

လတ်တလော ပြည်သူတွေ ကြုံတွေ့ခံစားနေရတဲ့ ကိုဗစ်ရောဂါတွေနဲ့ ပတ်သက်ပြီး အစစ အရာရာ ထိပ်ဆုံးကနေ ကူညီဆောင်ရွက်ပေးနေသူတွေကတော့ ပရဟိတ အသင်းသားတွေပဲ ဖြစ်ပါတယ် ။ ကိုယ်တိုင် ဘယ်အချိန်မှာ ကူးစက်ခံရမလည်းဆိုတာ မသိပေမယ့်လည်း ပြည်သူတွေအတွက်ဆို မမောဘူးတဲ့ ခံယူချက်တွေနဲ့ အနစ်နာခံ ကူညီပေးနေတာမို့ ပြည်သူတွေကလည်း ကျေးဇူးတင်နေကြတာပါ ။

 Photo Credit : Ko Lu Soe Facebook Account
 Photo Credit : Ko Lu Soe Facebook Account
 Photo Credit : Ko Lu Soe Facebook Account
 Photo Credit : Ko Lu Soe Facebook Account

တော်ရုံဘယ်သူမှ မလုပ်ချင်ကြတဲ့ ရောဂါကူးစက်ခံပြီး သေဆုံးသူတွေရဲ့ အလောင်းတွေကအစ သယ်ယူပို့ဆောင် သင်္ဂြိုလ်ပေးနေကြတာပါ။ အခုဆို သေဆုံးသူအလောင်းတွေရဲ့ အသုံးအဆောင် ပစ္စည်းတွေကိုပါ အစအဆုံး လုပ်ကိုင်ပေးနေပြီဖြစ်ကြောင်း ပရဟိတ အသင်းသားတစ်ဦးက သူရဲ့ လူမှုကွန်ရက် စာမျက်နှာထက်မှာ ရင်ဖွင့်ပြောကြားထားတာတွေ့ရပါတယ် ။

 Photo Credit : Ko Lu Soe Facebook Account
 Photo Credit : Ko Lu Soe Facebook Account
 Photo Credit : Ko Lu Soe Facebook Account
 Photo Credit : Ko Lu Soe Facebook Account

ပိုးကူးမှာစိုးရိမ်လို့ မပစ်ရဲကြဘူးဆိုတဲ့ အကြောင်းကို " နာရေးကားမှသည် အမှိုက်ကားဘဝသို့၊ လက်ဝတ်ရတနာတွေ ဖြုတ်ကြတုန်းကတော့ ပိုးကူးမှာ မကြောက်ကြဘူးနော်၊ စောင်၊ ခြင်ထောင်၊ အဝတ်အစား၊ ဖိနပ်၊ သေးအိုးတွေ အကုန်သယ်သွားပြီး ပစ်ပေးပါ ပိုးကူးမှာကြောက်လို့ပါတဲ့ " ဆိုပြီး ရေးသားဝေမျှထားရာ ဖတ်ပြီး စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ ။ ပရိသတ်ကြီး အတွက်  သေဆုံးသူအလောင်းတွေရဲ့ ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးပေးနေကြရတဲ့ ပရဟိတ သူရဲကောင်းတွေရဲ့ ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ် ။

 Photo Credit : Ko Lu Soe Facebook Account
Photo Credit : Ko Lu Soe Facebook Account
Source & Photo Credit : Ko Lu Soe Facebook Account
Source & Photo Credit : Ko Lu Soe Facebook Account
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T