ရပ်ကွက်ထဲမှာ အလောင်းသွားသယ်တဲ့အခါ တစ်ချို့လူတွေက ပရဟိတအဖွဲ့တွေကို အထင်သေးရွံရှာစွာကြည့်လို့စိတ်မကောင်းဖြစ်နေရတဲ့ ဆရာတော်တစ်ပါး

//s9.kh1.co/ca/ca1a06b48b289f926b78b5fe14a8315afd9c3a4b.jpeg
နေ့စဉ်သတင်းများ

 ၀၃-သြ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ရပ်ကွက်ထဲမှာ အလောင်းသွားသယ်တဲ့အခါ တစ်ချို့လူတွေက ပရဟိတအဖွဲ့တွေကို အထင်သေးရွံရှာစွာကြည့်လို့စိတ်မကောင်းဖြစ်နေရတဲ့ ဆရာတော်တစ်ပါး

ပြည်သူတွေရဲ့အခက်အခဲတွေကို ကိုယ်ချင်းစာနာပြီး ကူညီပေးနေကြတဲ့ စေတနာ့ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်ကအရမ်းလေးစားစရာကောင်းပါတယ်။ပရဟိတအဖွဲ့တွေထဲမှာ လူကြီး၊လူငယ်မရွေး တတ်နိုင်တဲ့နေရာကနေ ပါဝင်ကြပြီး ဆရာတော်တွေလည်း ဝင်ရောက်ကူညီနေတာဖြစ်ပါတယ်။ပရဟိတအဖွဲ့တွေက PPE တွေဝတ်ဆင်ထားရလို့ ပူလောင်မှုဒဏ်ကိုခံရပေမယ့်လည်း ရုပ်အလောင်းတွေကို မနားမနေသယ်ဆောင်ပေးနေကြတာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဘုရားသားတော်တွေကလည်း လူသားတွေရဲ့လက်ရှိအခြေအနေကို မကြည့်ရက်တော့လို့ မေတ္တာတရားအပြည့်အဝထားပေးကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ ပရဟိတလုပ်နေတဲ့ ဆရာတော်တစ်ပါးက သူကြုံတွေ့ခဲ့ရတာနဲ့ပတ်သက်ပြီး ရင်ဖွင့်လာခဲ့တာဖြစ်ပါတယ်။ဆရာတော်ကိုယ်တိုင် ရပ်ကွက်ထဲမှာ အလောင်းသွားသယ်တဲ့အခါရပ်ကွက်နေပြည်သူတွေက Ambulance ကားဖြတ်သွားတာနဲ့ နှာခေါင်းကိုလက်နဲ့အုပ်ပြီး မြန်မြန်သွားကြတာကို တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒါ့အပြင် တစ်ချို့လူတွေက ပရဟိတအဖွဲ့တွေကို အထင်သေးရွံရှာတဲ့အကြည့်နဲ့ကြည့်ကြလို့ ဆရာတော်က စိတ်မကောင်းဖြစ်နေရတာဖြစ်ပါတယ်။ဒီလိုအခြေအနေတွေနဲ့ ကြုံတွေ့ခဲ့ရပေမယ့်လည်း ဆရာတော်က စိတ်ဓာတ်မကျဘဲ အသက်ခန္ဓာရှိသ၍ အလောင်းတွေကို သင်္ဂြိုလ်ပေးဦးမှာဖြစ်ပါတယ်။ဒါ့ကြောင့် ပြည်သူတွေလည်း အခုလိုကူညီပေးကြတဲ့ ပရဟိတအဖွဲ့တွေကို ကျေးဇူးတင်ပါတယ်လို့ပြောပြီး စေတနာကိုအသိအမှတ်ပြုပေးနိုင်ကြဖို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T