ဘယ်နေရာပဲရောက်ရောက် အဆင်ပြေအောင် နေထိုင်တတ်တဲ့ သူ့ရဲ့ပုံစံတစ်ချို့အား ပရိသတ်တွေသိအောင် ဖွင့်ဟပြောပြလာတဲ့ မေဦး

//s9.kh1.co/8c/8c2ebc242aefd102f1e4b4a48ebcd649a377af5b.jpeg
အနုပညာရှင်များ

 ၀၃-သြ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

မိတ်ကပ်ဖန်တီးပညာရှင် မေဦးကတော့ လက်ရှိမှာ လွတ်မြောက်နယ်မြေတစ်နေရာတွင် ရောက်ရှိနေပြီးတော်လှန်ရေးတိုက်ပွဲများအတွက် ပြင်ဆင်နေတာ ဖြစ်ပါတယ်။ တောထဲမှာ ခက်ခဲမှုတွေများစွာနဲ့ နေထိုင်နေရပေမယ့် လုံးဝညည်းညူခြင်းမရှိဘဲ ပြည်သူတွေအတွက် စွန့်လွှတ်အနစ်နာခံနေသူတစ်ဦး ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း မေဦးရဲ့ လူမှုကွန်ယက်တွင် ဘယ်နေရာပဲရောက်ရောက် အဆင်ပြေအောင် နေထိုင်တတ်တဲ့သူ့ရဲ့ပုံစံတစ်ချို့အား ပရိသတ်တွေသိအောင် ဖွင့်ဟပြောပြလာတာ ဖြစ်ပါတယ်။

Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 

မေဦးကတော့ ဘဝမှာ ကြုံတွေ့လာတဲ့ ခါးသီးမှုတွေကိုကိုယ်နဲ့ တစ်သားတည်းကျအောင် နေထိုင်တတ်ဖို့ အမြဲသင်ယူလေ့ရှိကြောင်း ရေးသားဝေမျှထားပါတယ်။  ဒီအသက်အရွယ်အထိ ခက်ခဲတဲ့ တံခါးချပ်တစ်ချို့ကို ဖွင့်ပြီး ခက်ခဲကြမ်းတမ်းတာတွေကို ရင်ဆိုင်ခဲ့ရသလို အရသာရှိတာတွေကိုလည်း မြည်းစမ်းခဲ့ဖူးပြီဖြစ်တဲ့အတွက်  အခုလက်ရှိအခြေအနေကိုလည်း တစ်ခါမှ မကြုံတွေ့ဖူးတဲ့ အတွေ့အကြုံသစ်တွေကို ခံစားဖို့အတွက် ဖွင့်ရခက်တဲ့ တံခါးချပ်တစ်ခုကို ထပ်ဖွင့်လိုက်တယ်လို့ သဘောထားကြောင်း ရေးသားထားပါတယ်။ 

Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 


အားလုံးကိုလည်း ပြီးပြည့်စုံတဲ့ ပျော်ရွှင်ခြင်းတွေနဲ့ပဲ ပြန်ဆုံချင်တဲ့အတွက် ဒီကာလမှာ ကျန်းမာအောင်နေပြီး အမှန်တရားကို လက်ခံကာ အဓမ္မကိုဆန့်ကျင်ဖို့ ထပ်မံတိုက်တွန်းလိုက်ရကြောင်း ရေးသား ပြောပြထားပါတယ်။ တိုင်းပြည်နဲ့လူမျိုးအပေါ် မှာထားတဲ့ သူ့ရဲ့မှန်ကန်တဲ့ စေတနာတွေနဲ့ လုပ်ရက်တွေကြောင့် ပြည်သူတွေအားလုံးကမေဦးရဲ့ စိတ်ဓာတ်လေးကို လေးစားဂုဏ်ယူနေကြတာ ဖြစ်ပါတယ်။ နိုင်ငံရေးအခြေအနေများကြောင့် မိသားစုဝင်များနဲ့ ခွဲခွာနေရသူများအားလုံး ချစ်ရသူတွေနဲ့ အမြန်ဆုံးပြန်လည် ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-May Oo’s Facebook Account 

Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Photo Crd-May Oo’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T