ချို့တဲ့ပြည်သူတွေအတွက် အခမဲ့ဈေးတန်းလေးပြုလုပ်ပေးကာ ရက်ရက်ရောရောလှူဒါန်းခဲ့ကြတဲ့ စေတနာရှင်လူငယ်လေးများ

//s9.kh1.co/fc/fc53494655e40059f9a8fca2cabbdfbd15d9092d.jpg
နေ့စဉ်သတင်းများ

 ၀၃-သြ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေးအခြေအနေတွေနဲ့ ကိုဗစ်ကူးစက်မှုအခြေအနေတွေကြောင့် ပြည်သူတွေအနေနဲ့ စား၀တ်နေရေးကြပ်တည်းနေကြတဲ့အပြင် သေဆုံးသူဦးရေတွေဟာလည်း နေ့စဉ်နဲ့အမျှ ထောင်နဲ့ချီနေတာဖြစ်ပါတယ်။ အခုလို အခြေအနေအမျိုးမျိုးကြောင့် ပြည်သူချင်း ကူညီထောက်ပံ့မှုတွေပြုလုပ်နေကြပြီး တတ်နိုင်တဲ့ဘက်ကနေ ငွေကြေး၊အစားအသောက်၊ဆေးဝါးစတာတွေကို ကူညီ‌ပေးနေကြတာကိုတွေ့ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

အခက်အခဲဒုက္ခတွေကြားမှာ ပြည်သူချင်းသာလျှင် စေတနာရှေ့ထားပြီး ရရာနည်းလမ်းနဲ့အချင်းချင်း ထောက်ပံ့ပေးနေကြရတာပါ။ အလံဖြူ၊ အလံဝါထောင်ထားကြတဲ့အိမ်တွေ တွေ့ရင်လည်း ပြည်သူချင်းကူညီထောက်ပံ့မှုတွေပြုလုပ်နေကြတာကိုတွေ့ရပြီး အခုအခါမှာဆိုရင်လည်း စေတနာရှင်လူငယ်လေးတွေစုပေါင်းပြီး အခမဲ့ဈေးတန်းလေးပြုလုပ်ပေးခဲ့ကြတာဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

စေတနာရှင်လူငယ်လေးဟာ သူ့ရဲ့ Facebookစာမျက်နှာမှာ "လိုအပ်သူများအတွက်အခမဲ့စျေးတန်း …တစ်ခါမှမလှူဘူးတဲ့ပုံစံလှူချင်လို့ဆိုပြီး အိမ်ထောင်စု၁၅၀စာ ကုန်စိမ်းအသီးအနှံ၁၁မျိုးနဲ့ ငါးသေတ္တာ ၊ကြက်ဥ ၊ ခေါက်ဆွဲ အပြင် Mask ဆေးဝါးတွေ တန်းစီခင်းပြီးအခမဲ့စျေးတန်းလုပ်ပေးခဲ့တာပါ ??ခါတိုင်းအလှူတွေထက်ပိုပင်ပန်းပေမဲ့ပြန်ရတဲ့ပီတိကတကယ်ကိုခါတိုင်းထက်ပိုပျော်ရပါတယ် ❤️အစ်မရေအဲ့လိုအတန်းလိုက်လေးလှူချင်လို့ဘယ်လိုတွေလုပ်ရမလည်းဆိုပြီးသွားအပူကပ်သမျှအကြံပေး/လိုက်ကူညီပေးသောအစ်မ Nann Moh Moh Khaing ကျေးဇူးပါခင်ဗျာ ☺️

ကျွန်တော်လုပ်ချင်သမျှအပင်ပန်းခံလိုက်ကူပေးနေသောညီအစ်ကိုများကိုလည်းတအားချစ်ပါတ​ယ် ?ပြည်သူမှပြည်သူသို့....." ဆိုပြီး ပုံလေးတွေနဲ့အတူ မျှဝေပေးလာပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Aung Khine Min's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T