ကိုဗစ် Dead Body များအား အစအဆုံး လုပ်ဆောင်ပေးခဲ့ပုံကို မှတ်တမ်းတင်ကာ ရိုက်ကူးထားတဲ့ ပရဟိတ သူရဲကောင်းတွေရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/1d/1d897997789f2b328d77e25085a3c5b8aab9dd42.jpeg
နေ့စဉ်သတင်းများ

 ၀၃-သြ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

......

တတိယလှိုင်း အနေနဲ့ ကိုဗစ်ရောဂါတွေ စတင်ဖြစ်ပွားခဲ့စဉ်ကတည်းက နေ့ရော ညရော အန္တရာယ် အခက်အခဲတွေကြားက ကူညီလုပ်ဆောင် ပေးနေသူတွေကတော့ ပရဟိတ အသင်းသားတွေပဲ ဖြစ်ပါတယ် ။ တစ်ချို့ဆို ဒီလို ကူညီပေးရင်း ကိုဗစ်ကူးစက်ခံရသူတွေတောင် ရှိခဲ့တာကိုတွေ့ရတာ စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ ။ 

Photo Credit : Myint Soe Facebook Account
Photo Credit : Myint Soe Facebook Account
Photo Credit : Myint Soe Facebook Account
Photo Credit : Myint Soe Facebook Account

သူတို့အနေနဲ့လည်း ခုလို သွားလာရာတာကအစ အခက်အခဲတွေ အစစ်အဆေးတွေ များတဲ့ကြားမှာ ပြည်သူတွေရဲ့ ဒုက္ခတွေကို မကြည့်ရက်လို့ ကူညီပေးနေကြတာလည်းဖြစ်ပါတယ် ။ ထမင်းစားဖို့ အချိန်တောင် မေ့ရသည်အထိ ဖြစ်ခဲ့ရသူတွေလည်းရှိသလို အလောင်း သင်္ဂြိုလ်တာ ပြီးသည်အထိ ထိုင်စောင့်ရင်း သုသာန်မှာပဲ ဖြစ်သလို ထမင်းစားခဲ့ရတာတွေလည်း ရှိပါတယ် ။

Photo Credit : Myint Soe Facebook Account
Photo Credit : Myint Soe Facebook Account

အခုလည်း မော်လမြိုင်မြို့က ပရဟိတ အသင်းမှာ ပါဝင်တဲ့ ပြည်သူတစ်ဦးက ကိုဗစ်ကြောင့် သေဆုံးသူတွေရဲ့ အလောင်းကို အစအဆုံး သယ်ယူပြီး မီးသင်္ဂြိုဟ်ပြီးသည်အထိ လုပ်ကိုင်ခဲ့ရပုံတွေကို မှတ်တမ်းတင်ကာ ရိုက်ကူး ဖော်ပြလာပါတယ် ။ ဗီဒီယိုလေး ကြည့်ပြီး တကယ်ကို နှစ်နှစ်ကာကာ လေးစားမိတာ အမှန်ပါပဲ ။ ပရိသတ်ကြီးအတွက် ဒီဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးရင်း အားလုံး ကပ်ရောဂါဆိုးကြီးကနေ ကင်းဝေးကြပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T