ကျဆုံးခဲ့တာငါးလပြည့်သွားခဲ့ပေမယ့် ပြည်သူလူထုကြီးက ယနေ့ထက်တိုင်သတိရနေဆဲဖြစ်တဲ့ သူရဲကောင်းမလေးကြယ်စင်

//s9.kh1.co/c7/c7b8b995e4867203396b40554589d8f2237fcfec.png
နေ့စဉ်သတင်းများ

 ၀၃-သြ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပြီးခဲ့တဲ့ မတ်လ (၃) ရက်နေ့မှာကျဆုံးသွားခဲ့တဲ့ မန္တလေးက သူရဲကောင်မလေး ကြယ်စင် (ခ) တိန့်ကျားရှီကို ပြည်သူလူထုကြီးကသတိတရရှိနေဆဲပါပဲ။ ဒီနေ့ သြဂုတ်လ (၃) ရက်နေ့ဟာတော့ သူမ ကျဆုံးခဲ့တာ (၅) လ တိတိပြည့်တဲ့နေ့ပဲဖြစ်ပါတယ်။ အမှန်တရားအတွက်တိုက်ပွဲဝင်ရင်း သိက္ခာရှိရှိ ကျဆုံးသွားခဲ့တာမို့ ပြည်သူတွေဟာ သူမရဲ့သေဆုံးမှုအတွက် နှမြောတသဖြစ်ရသလို ဂုဏ်လည်းယူနေကြပါတယ်။ အဖေတစ်ခု သမီးတစ်ခုဘဝမှာ ဖခင်ဖြစ်သူဟာ တစ်ယောက်တည်း ကျန်ရစ်ခဲ့ပေမယ့် ကြယ်စင်ရဲ့ ဖခင်ဟာ ကျဆုံးသွားတဲ့သမီးလေးအတွက် အမြဲတမ်းဂုဏ်ယူနေခဲ့သူတစ်ယောက်ပါ။

Photo Credit - MDY Revolution's FB Acc
Photo Credit - MDY Revolution's FB Acc

သမီးလေးကျဆုံးခဲ့စဉ်က မေတ္တာကြေးတွေလာရောက်ပေးကမ်းကြတာရှိပေမယ့် ဒီငွေတွေကို လိုအပ်တဲ့နေရာမှာအသုံးပြုဖို့ အားလုံးပြန်လည်လှူဒါန်းပေးခဲ့ပါတယ်။ အနာဂတ်ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ (၁၉) နှစ်အရွယ် မိန်းမငယ်လေးဟာ သတ္တိအပြည့်နဲ့ ယုံကြည်ရာအတွက် အသက်စွန့်သွားခဲ့တာတကယ်ကို လေးစားစရာကောင်းလွန်းပါတယ်။ သူမကိုယ်တိုင်လည်း လူငယ်တစ်ယောက်ဖြစ်သလို တခြားလူငယ်တွေရဲ့အနာဂတ်တွေ မပျောက်စေဖို့ စွမ်းစွမ်းတမံ တိုက်ပွဲဝင်ရင်း သိက္ခာရှိရှိကျဆုံးခဲ့ရတာပါ။

Photo Credit - MDY Revolution's FB Acc
Photo Credit - MDY Revolution's FB Acc

အချိန်တွေဘယ်လောက်ပဲကြာသွားပါစေ သူမ ကျဆုံးခဲ့တဲ့နေ့ရက်ရောက်တိုင်း ပြည်သူလူထုကြီးက သတိတရနဲ့ လွမ်းဆွတ်နေဦးမှာပါ။ အမှန်တရားဆိုတာဘယ်တော့မှ ပျောက်ဆုံးမသွားသလို အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့တဲ့ သူရဲကောင်းတွေရဲ့ နာမည်ဂုဏ်သတင်းဟာလည်း ဘယ်တော့မှ မတိမ်ကောသွားပါဘူး။ ပြည်သူအားလုံးရဲ့ရင်ထဲမှာ နွေဦးတော်လှန်ရေးမှာကျဆုံးသွားခဲ့ရတဲ့ ပြည်သူ့သူရဲကောင်းတွေရဲ့နာမည်ဟာ ကဗျည်းတင်ပြီးသားဖြစ်နေမှာပါ။ ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းတိုင်းလည်း ကောင်းမွန်တဲ့ဘုံဘဝတွေမှာ အေးချမ်းသာယာရှိနေပါစေလို့ တောင်းဆုပြုပါတယ်။

Photo Credit - MDY Revolution's FB Acc
Photo Credit - MDY Revolution's FB Acc

သတင်း အရင်းအမြစ်MDY Revolution's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T