ကျိုင်းတုံမြို့၊မြို့တော်ခန်းမရှေ့မှာ ကိုဗစ်ကာကွယ်ဆေးထိုးဖို့အတွက် ကြိတ်ကြိတ်တိုးပြီး လူအုပ်လိုက်ကြီးစောင့်ဆိုင်းနေကြတဲ့ မြင်ကွင်းများ

//s9.kh1.co/94/9430fd72dab40b0ce82b667b19641abeede3321e.jpeg
နေ့စဉ်သတင်းများ

 ၀၃-သြ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ကျိုင်းတုံမြို့၊မြို့တော်ခန်းမရှေ့မှာ ကိုဗစ်ကာကွယ်ဆေးထိုးဖို့အတွက် ကြိတ်ကြိတ်တိုးပြီး လူအုပ်လိုက်ကြီးစောင့်ဆိုင်းနေကြတဲ့ မြင်ကွင်းများ

ဩဂုတ်လ (၂)ရက်နေ့မှာတော့ ကိုဗစ်ကူးစက်ခံရသူဦးရေ (၃၆၈၉)ယောက်ရှိခဲ့ပြီး သေဆုံးသူလည်း အယောက်(၃၀၀)ကျော်ခဲ့ပါတယ်။ပြည်သူတွေကတော့ ကိုဗစ်မကူးစက်ခံရအောင်လို့ စနစ်တကျနဲ့ ကာကွယ်ကြပြီး အိမ်အပြင်ကိုလည်း လိုအပ်မှသာလျှင်ထွက်ကြတာဖြစ်ပါတယ်။ကိုဗစ်တတိယလှိုင်းမှာတော့ မြို့နယ်အသီးသီးမှာ သေဆုံးသူအရေအတွက်များပြားနေတာဖြစ်ပါတယ်။ရှမ်းပြည်နယ်မှာဆိုရင်လည်း ကိုဗစ်ကူးစက်ခံရသူ အယောက်(၂၀၀)ကျော်အထိရှိနေပြီဖြစ်ပါတယ်။

Photo Credit:Tachileik News Agency
Photo Credit:Tachileik News Agency
Photo Credit:Tachileik News Agency
Photo Credit:Tachileik News Agency
Photo Credit:Tachileik News Agency
Photo Credit:Tachileik News Agency

လတ်တလောမှာတော့ ပြည်သူတချို့လည်း ကိုဗစ်ကာကွယ်ဆေးထိုးကြဖို့အတွက် တိုက်တွန်းနေတာဖြစ်ပါတယ်။ကိုဗစ်ကာကွယ်ဆေးကိုလည်း အမြို့မြို့၊အနယ်နယ်ရဲ့ သက်ဆိုင်ရာနေရာတွေမှာ ထိုးပေးနေကြတာဖြစ်ပါတယ်။ရှမ်းပြည်နယ်အရှေ့ပိုင်း၊ကျိုင်းတုံမြို့တွင်လည်း ကိုဗစ်ကာကွယ်ဆေးကို ဩဂုတ်လ (၁)ရက်နေ့မှာ စတင်ထိုးပေးနေတာဖြစ်ပါတယ်။ကာကွယ်ဆေးလာထိုးကြတဲ့ လူအုပ်ကြီးကိုတော့ မြို့တော်ခန်းမရှေ့မှာ ကြိတ်ကြိတ်တိုးဖြစ်နေတာကို တွေ့မြင်ရပါတယ်။

Photo Credit:Tachileik News Agency
Photo Credit:Tachileik News Agency
Photo Credit:Tachileik News Agency
Photo Credit:Tachileik News Agency
Photo Credit:Tachileik News Agency
Photo Credit:Tachileik News Agency

ကာကွယ်ဆေးလာထိုးကြတဲ့ ပြည်သူတွေကို ခြောက်ပေအကွာကနေ စနစ်တကျနဲ့တန်းစီဖို့ စီစဉ်ပေးခြင်းလည်းမရှိဘူးလို့သိရပါတယ်။တစ်ယောက်နဲ့တစ်ယောက်အရမ်းနီးကပ်နေကာ လူစုလူဝေးဖြစ်နေတဲ့ ပုံရိပ်တွေကိုတွေ့မြင်လိုက်ရတဲ့ ပြည်သူတွေက အရမ်းစိုးရိမ်နေကြတာဖြစ်ပါတယ်။ဩဂုတ်လ (၂)ရက်နေ့၊နံနက်ပိုင်းမှာလည်းကာကွယ်ဆေးထိုးဖို့လာရောက်စောင့်ဆိုင်းနေကြတဲ့ လူအုပ်ကြီးကို ထပ်မံမြင်တွေ့ခဲ့ရပါတယ်။ကိုဗစ်ကာကွယ်ဆေးထိုးဖို့စောင့်ဆိုင်းနေချိန်မှာ သတိမမှုမိဘဲ လူစုလူဝေးဖြစ်ပေါ်နေတဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Tachileik News Agency
Photo Credit:Tachileik News Agency
Photo Credit:Tachileik News Agency
Photo Credit:Tachileik News Agency
Photo Credit:Tachileik News Agency
Photo Credit:Tachileik News Agency

Source&Photo Credit:Tachileik News Agency

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T