ရက်ပိုင်းသာခြားပြီး အနုပညာရှင်တစ်ချို့ သေဆုံးနေကြလို့ ဝမ်းနည်းပူဆွေးနေရချိန်မှာပဲ ကွယ်လွန်သွားပြန်တဲ့ ဝါရင့်ဟာသသရုပ်ဆောင်ကြီးဦးစံမတူ

//s9.kh1.co/9f/9f60cee366236868e06e1f4448b8df0e4f776382.jpg
အနုပညာရှင်များ

 ၀၃-သြ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ရက်ပိုင်းသာခြားပြီး အနုပညာရှင်တစ်ချို့ သေဆုံးနေကြလို့ ဝမ်းနည်းပူဆွေးနေရချိန်မှာပဲ ကွယ်လွန်သွားပြန်တဲ့ ဝါရင့်ဟာသသရုပ်ဆောင်ကြီးဦးစံမတူ

အခုရက်ပိုင်းအတွက် မြန်မာပြည်သူအများအပြားအကြောင်းမျိုးစုံကြောင့် အသက်သေဆုံးနေကြသလို အနုပညာလောကအသိုင်းအဝိုင်းက အနုပညာရှင်တွေလည်းရက်ပိုင်းသာခြားပြီး ဆုံးပါးသွားနေကြတာကို စိတ်မကောင်းစွာနဲ့ မြင်တွေ့နေရပါတယ်။ ဟာသလူရွှင်တော်ကြီးဖြစ်တဲ့ ဦးမေတ္တာနဲ့ ဗီဒီယိုဇာတ်ကားတွေများစွာမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင်ဒေါ်ကြူတို့ဟာလည်း သြဂုတ်လ(၂)ရက်နေ့ မနေ့ကဆုံးပါးသွားခဲ့ကြောင်း သိရှိရပါတယ်။ သြဂုတ်လ(၃)ရက်နေ့ ယနေ့မှာလည်း ဝါရင့်ဟာသသရုပ်ဆောင်ကြီးဖြစ်တဲ့ ဦးစံမတူတစ်ယောက် ကွယ်လွန်သွားပြီဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့တဲ့ ဝါရင့်ဟာသသရုပ်ဆောင်ကြီး ဦးစံမတူဟာ ယနေ့မနက်(၆)နာရီခွဲမှာ လူကြီးရောဂါနဲ့ ဆုံးပါးသွားခဲ့တာပဲဖြစ်ပါတယ်။ အသက်(၉၀)အရွယ်ရှိပြီဖြစ်တဲ့ ဦးစံမတူဟာ ရန်ကုန်မြို့၊ ရွှေဂုံတိုင်က သူနေထိုင်တဲ့နေအိမ်မှာပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားပေါင်း (၂၀၀)ကျော်ရိုက်ကူးခဲ့တဲ့ ဦးစံမတူဟာ သရုပ်ဆောင်ဦးပလာတာနဲ့ အတွဲညီညီသရုပ်ဆောင်ခဲ့ပြီး အနုပညာလောကမှာ အောင်မြင်မှုတွေရရှိခဲ့သူဖြစ်ပါတယ်။ ယနေ့မှာ ဆုံးပါးသွားတဲ့ ဦးစံမတူအတွက် ဟာသလူရွှင်တော်အချို့နဲ့ ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

လူရွှင်တော်ကောင်းကျော်ကတော့ "ရုပ်ရှင်နှင့်ဗီဒီယို ဝါရင့် ဟာသသရုပ်ဆောင် ဦးစံမတူ ကွယ်လွန်သွားပြန်ပါပြီဗျာ ဘဘကောင်းရာဘုံဘဝကိုရောက်ပါစေ"ဆိုပြီး စိတ်မကောင်းဖြစ်မိကြောင်း လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားပါတယ်။ လူရွှင်တော်နောင်နောင်ကလည်း " တစ်နေ့တစ်ယောက်လိုဖြစ် ခုမှရန်ကုန်နာဂစ်(ဖွတ်ဖွတ်ရေဆော်ပလော်တီးဖို့ရွှေဂုန်တိုင်အခန်းကိုလာမခေါ်တော့ဘူးနော်) " ဆိုပြီး ဝမ်းနည်းမိကြောင်း ရေးသားထားပါတယ်။ ကွယ်လွန်သွားတဲ့ ဝါရင့်အနုပညာရှင်ကြီးဦးစံမတူတစ်ယောက် ကောင်းရာသုကတိလားပါစေကြောင်း ဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်။

Source :U Kaung Kyaw ' s Facebook Acc / Nyi Nyi Hlaing '  s Facebook Acc 

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T