စားသောက်ကုန်တွေကို အခမဲ့ပေးဝေလို့ ရပေမယ့် ငွေကျပ် (၅၀) စတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းပေးရတဲ့ အကြောင်းရင်းကို ရှင်းပြလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/28/2894bc1031f43199ef82260f82cc6d631ba733ba.jpeg
နေ့စဉ်သတင်းများ

 ၀၃-သြ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.....

ဒီရက်ပိုင်းမှာဆိုရင် စီးပွားဆန်ဆန် တစ်ချို့သောလူတွေက ပြည်သူတွေ လိုအပ်နေကြတဲ့ ကုန်ပစ္စည်းတွေကို ဈေးနှုန်းတွေ အဆမတန် ရောင်းချလာကြတာတွေ့ရပါတယ် ။ ဒုက္ခရောက်နေချိန်မှာ အခွင့်ရေးယူပြီး ခုလိုတွေလုပ်ကြတာ တကယ်ကို မလုပ်သင့်တာတွေပါ ။ ဒါကြောင့်လည်း စေတနာရှင် ပြည်သူတွေက အခမဲ့လှူဒါန်းပေးတာတွေ ၊ လူတိုင်းဝယ်ယူနိုင်တဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချပေးလာကြပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

လူတိုင်းဝယ်ယူနိုင်တဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးကြရာမှာလည်း ငွေကျပ် (၅၀) ၊ (၁၀၀) စတဲ့ မထင်မှတ်လောက်တဲ့ နှုန်းတွေနဲ့ကို ရောင်းပေးခဲ့ကြလို့ ကြိတ်ကြိတ်တိုး ဝယ်ယူခဲ့ကြတာကိုလည်း ကြည်နူးစွာတွေ့ရပါတယ် ။ ဒါကို တစ်ချို့ကလည်း ဒီဈေးနှုန်းတွေနဲ့ ရောင်းနေမယ့်အစား အခမဲ့ပေးလို့ရရဲ့သားနဲ့ ဆိုပြီး ပြောလာကြတာတွေကို တော်တော်များများတွေ့လာရပါတယ် ။  

Photo Credit : Original Uploader 
Photo Credit : Original Uploader 

ဒါကြောင့် ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပြည်သူတစ်ဦးက  " အလကားပေးလို့ရရဲ့သားနဲ့၊ဘာဖြစ်လို့၅၀-၁၀၀တန်ဖိုး သတ်မှတ်ပြီးရောင်းတာလဲ?" အလကားဆိုရင်တချို့သူတွေလာယူရမှာခက်နေမှာစိုးလို့ တန်ဖိုးသင့်ပြီးရောင်းတယ်လို့လုပ်ထားတာပါ"...လှလိုက်တဲ့ ဒဿန! လူတွေမှာသိမ်ငယ်စိတ်၊ရှက်ရွံ့စိတ်ဆိုတာရှိကြတယ်။အခုလို ကျပ်တည်းနေကြတဲ့အချိန်စားဝတ်နေရေးခက်ခဲကြမှာပဲဆိုတာ (sympathy) ကိုယ်ချင်းစာစိတ်။ တတ်နိုင်တာရှိရင်ပေးလိုက် မယ်။ သနားပါတယ်ဆိုတာမျိုး။ ဒါပေမဲ့ဒီလိုအချိန်မှာပဲ ကျပ်တည်းနေပေမဲ့အလကားယူဖို့မရွံ့ မရဲဖြစ်နေသူတွေရှိမယ်။အရင်ကအလုပ်ရှိတယ်၊ဝင်ငွေရှိတယ်။ နေဖို့ထိုင်ဖို့လည်းရှိတယ်။ခက်တာကအခုအချိန်မှာရွှေကျောင်း ပြောင်ပြောင်၊ဝမ်းခေါင်ခေါင်ဖြစ်နေတာ။ခြေအကောင်း၊ လက်အကောင်း၊ဝင်ငွေကမရှိ။ရောင်းသင့်ရာရာလည်းကုန်ပြီ။ ဒီလိုလူတွေအထိပါတွေးပြီး သူ့နေရာကိုယ်တိုင်ဝင်ခံစားပြီးမှ နားလည်စာနာတဲ့စိတ် (empathy )။ ပရဟိတ၊အလှူဒါနလုပ်တဲ့အခါ ဒီလိုမွန်မြတ်တဲ့စိတ်စေတနာ ထားနိုင်ဖို့အလွန်အရေးကြီးပါတယ်။ တချို့ကလုပ်တော့ပေး တယ်။ငါဒီလောက်လုပ်ပေးနေတာပဲ၊မကျေနပ်လဲသေဆိုတာ မျိုးက မိမိရဲ့ကောင်းမှုတွေကိုပျက်စီးစေပါတယ်။ စွန့်လှူမှုနဲ့ပတ်သက်ရင်အသွေးတွေ၊အသားတွေမရောက်ရှိဘူး။ သင်တို့ရဲ့ စိတ်ရည်စူးချက်တွေသာ ဘုရားသခင်ထံရောက်ရှိ တယ်လို့ကျမ်းစာမှာလည်းတွေ့ရပါတယ်။ စိတ်ထားတတ်ရင်မြတ်တယ်။သဘောဟုတ်ရင်၊လောကုတ်။ဆိုတဲ့ပညာရှိတို့စကားနားထဲကြားယောင်မိရဲ့ဗျာ။ " ဆိုပြီး ရေးသားဖော်ပြထားရာ ပရိသတ်ကြီးလည်း သိရှိနိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T